"သေချာလို့လား ငခွေး "
"သေချာပါတယ်ဆို ငါ့နားနဲ့ ဆက်ဆက် ခိုးနားထောင်
လာတာဟဲ့ "အထွေး နှင့် ငခွေး ခေါင်းချင်းဆိုင်၍ ဘာတွေတီးတိုး
ပြောနေကြသလဲ ဖိုးထောင် သိချင်နေသည်။
အထွေးနှင့် သူ့ကြား လူတစ်ယောက်စာသာ လွတ်နေ
ပေမယ့် သူတို့ပြောနေတာကိုမကြားရ။
ငခွေးကိုမေးပြန်ရင်လဲ ဖြေမှာမဟုတ် ။ ငခွေးက အထွေး
လူလေ ။ အထွေးနှင့်မောင်နှမ ဝမ်းကွဲတော်စပ်သည်။"နင် ငါစားဖို့ ဘာမှယူမလာဘူးလား..
ဗိုက်ဆာနေပြီဟ ""ငှက်ပျောသီးပဲ ပါလာတယ် ၊ ကြီးမေလဲ နင့်ကို စိတ်ဆိုး
နေတယ် ၊ ဦးသာလှကြီးကလဲ သူ့အခင်းတွေပျက်ကုန်
လို့ဆိုပြီး လျော်ကြေးလာတောင်သေးတယ်ဟ ၊
ဒီငှက်ပျောဖီးတောင် ငါ အရီးလေးကျော့ဆီက အကြွေး
နဲ့ဝယ်လာခဲ့တာ နင်ထိပ်တုံးလွတ်ရင် အကြွေးသွားဆပ်
လိုက်ဦး"ငခွေးက ပုဆိုးဖြင့်ထုတ်လာသည့် ဖီးကြမ်းငှက်ပျောဖီး
တစ်ဖီးကို ငယ်ထွေး လက်ထဲထည့်ပေးရင်းပြောသည်။"အမေစိတ်ဆိုးနေတယ်ဆိုရင်တော့ ဒီနေ့ ထမင်းငတ်ဖို့
ကျိန်းသေသလောက်ပဲ.. ဟူး...ဒါပဲချွေတာပြီး စားရ
တော့မှာပေါ့"ငယ်ထွေးက ငှက်ပျောသီးတစ်လုံးကို အခွံနွှာနေရင်းမှ
ညည်းသည်။
ဖိုးထောင်က ငယ်ထွေးလက်ထဲက ငှက်ပြောဖီးကိုကြည့်ကာ ပါးစပ်တပြင်ပြင် ဖြစ်နေသည်။
ငခွေးက ရေအိုးစင်မှ ရေတစ်ခွက်သွားခတ်ကာ ငယ်ထွေး
ကိုပေးသည်။ ငယ်ထွေး ရေကိုတစ်ချိုက်တည်း မော့
သောက်ပြီးနောက်"အခုမှ နည်းနည်း နေသာထိုင်သာရှိသွားတော့တယ်"
ငယ်ထွေးက ငှက်ပျောဖီးကို ဖိုးထောင်နှင့်သူမကြား
နေရာလွတ်မှာချထားလိုက်ပြီး ငှက်ပျောဖီးကို ငုံ့
ကြည့်နေသည့် ဖိုးထောင်အား"ဘာကြည့်နေတာလဲ ငှက်ပျောသီး မမြင်ဖူးဘူးလား"
"အထွေး..ငါလဲဗိုက်ဆာလို့ဟာ..ငှက်ပျောသီးလေး
ကျွေးပါလား "ဖိုးထောင်က သူ့ဗိုက်ကိုလက်ဖြင့်ပွတ်ကာ မျက်နှာ
ငယ်နှင့်ပြောလာသည်။
ငယ်ထွေးက သူ့ကိုကြည့်၍ မျက်နှာကိုမဲ့လိုက်ပြီး
YOU ARE READING
ပုဝါပါးလေး စွန်းမှာဆိုး
Fantasyဤဇာတ်လမ်းတွင် ပါဝင်သည့် နေရာဒေသ များမှာ စာရေးသူ ပုံဖော်ဖန်တီးထားခြင်း သက်သက်သာ ဖြစ်ပါသည်။