အခန်း(၁) ဝိညာဉ်ကူးပြောင်းပြီးနောက် ကံဆိုးမိုးမှောင်ကျခြင်း
"ဟမ်"
“ဘာ.....ဘာတွေဖြစ်နေတာလဲ”
ရှချင်းသည် စိတ်ရှုပ်ထွေးသွားပြီး သနားစရာကောင်းသောအသံဖြင့် အော်ဟစ်လိုက်တော့သည်။
သူမ၏ ခန္ဓာကိုယ်အောက်ပိုင်းမှ နာကျင်မှုက သူမကိုမျက်ရည်များ ကျလာစေခဲ့သည်။
သူမသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သောအခါ အက်ကွဲနေသောပြတင်းပေါက်များရှိတဲ့ အိမ်ပျက်ကြီးကို တွေ့လိုက်ရသည်။
သူမဘေးတွင် မွေးကင်းစကလေးငယ်လေးနှစ်ယောက်ကို တွေ့လိုက်ရသောကြောင့် ရှချင်းခမျာ ပိုမိုတုန်လှုပ်သွားခဲ့ရသည်။
သူမ တကယ်ကြီး ကလေးမွေးလိုက်တာလား။
သို့ပေမယ့်လည်း ရှချင်းသည် သူမ မေ့မလဲခင် မြစ်ကမ်းပါးဘေးမှာ လမ်းလျှောက်နေခဲ့သည်ဆိုတာကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့ပါသည်။
ရုတ်တရက် သူမသည် ခြေဆစ်လွဲပြီး မြစ်ထဲကို ပြုတ်ကျသွားခဲ့သည်။
သူမ ရေနစ်နေစဉ်အချိန်အတွင်းမှာ ရှချင်းသည် ဘာကိုမှစဉ်းစားချိန်မရှိခဲ့ချေ။
သူမစိတ်ထဲ နောက်ဆုံးပေါ်လာခဲ့သည့်အရာမှာ သူမသေဆုံးရသည့် ပုံစံသည် အလွန်ပင်ရှက်စရာကောင်းတယ်ဆိုတာပင်။
ယခုတော့ ရှချင်းသည် သူမကို ပိုပြီးစိတ်ပျက်စေသော တစ်စုံတစ်ခုကို တွေ့ခဲ့ရသည်။
သူမသည် တကယ့်ကိုပင် ဝိညာဉ်ကူးပြောင်းခဲ့ခြင်းဖြစ်သည်။
ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် ကလေးမွေးနေခဲ့ခြင်းဖြစ်သည်။
ကလေးနှစ်ယောက်မွေးပြီးနောက်တွင် သူမသည် မောပန်းပြီး ခြေကုန်လက်ပန်းကျကာ သေဆုံးခဲ့ခြင်းဖြစ်သည်။
ဤရွာလေးသည် မတိုးတက်သေးသည့် ရွာလေးတစ်ရွာဖြစ်ဟန်ရသည်။ ယခင်ခန္ဓာကိုယ်ပိုင်ရှင်သည် ဤနှစ်၌ ၁၈နှစ်သာရှိသေးပြီး လက်ထပ်ထားခြင်းမရှိဘဲ ကိုယ်ဝန်ရခဲ့ခြင်းဖြစ်သည်။
YOU ARE READING
လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း)
Historical Fictionအံ့ဖွယ်ဆရာဝန်ရှချင်းသည် မတော်တဆ ရေထဲသို့ ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ စိုက်ပျိုးရေးဝတ္ထုထဲသို့ ကူးပြောင်းသွားသည်ကို တွေ့လိုက်ရ၏။ ထို့နောက် ခန္ဓာကိုယ်အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်။ ရှချင်းလည်း မယုံ...