အခန်း၁၂။ တံခါးလာခေါက်ခြင်း

538 52 0
                                    

အခန်း၁၂။ တံခါးလာခေါက်ခြင်း

“ရှောင်ကျစ်..”

ချီဖုန့်းနှင့်သူမ၏မိသားစုမှာ စိတ်အလွန်ထိခိုက်သွားရသည်။

ရှဟွိုက်သည် သူ၏ညီငယ်လေးကို ထူလိုက်၏။

ရှကျန်းရှီသည် ပေါက်ပြားကို လွှင့်ပစ်လိုက်ပြီး သူ့အငယ်ဆုံးသာျးဘးသို့ ပြေးသွားလိုက်သည်။ သူသည် ရင်ထဲလုံးဝမကောင်းသောကြောင့် သူ့သားကိုပင် ထိရန်ပင်မရဲခဲ့ချေ။

ကလေး၏ မျက်နှာတစ်ခုလုံးသည် ဖူးရောင်နေလေသည်။ ဤအချိန်တွင် သူသည်းခံခဲ့သော အရာရာမှည လုံလောက်သွားပြီဟု ယုံကြည်သွားသည်။

အိမ်နီးနားချင်းများသည်လည်း သခင်ကြီးရှမှာ အရမ်းလက်လွန်သွားသည်ဟု ခံစားလိုက်ရသည်။ အကယ်၍ ကလေးသည် အမှားတစ်စုံတစ်ခု ပြုလုပ်ခဲ့ပါလျှင် သူတို့သည် ကလေးအား ကောင်းမွန်စွာ သင်ကြားပေးရမည်ဖြစ်သည်။

ရှမော့သည် ကျောက်ပမ့်၏ လက်မောင်းပေါ်တွင် လှဲလျောင်းလျက် ဂုဏ်ယူစွာဖြင့် ရှကျစ်ကို ကြည့်နေခဲ့သည်။

အခြားရှမိသားစုဝင်များသည်လည်း အိမ်အပြင်ဘက်သို့ ထွက်လာပြီး သွေးအေးစွာ ကြည့်နေခဲ့ကြသည်။ ဖြစ်နိုင်လျှင် သူတို့သည် ဇာတ်လမ်းကိုပင် ပို၍ရှည်ရှည် ကြည့်ချင်နေကြသေးသည်။ ကံဆိုးစွာဖြင့် ယနေ့အတွက် ကြည့်ရန် တစ်စုံတစ်ရာမှ မရှိတော့ပါ။

ရှကျစ်သည် ကျောက်ရုပ်ကဲ့သို့ မှင်သက်သွားသည်။ သူသည် ငိုရန်ပင်မေ့လျော့သွားပြီး ကောင်းကင်ကိုသာ ငေးငိုင်ပြီးကြည့်နေခဲ့သည်။

ရှရှန်းသည် ရှဟွိုက်က ချော့ထားသောကြောင့် မူလကအငိုတိတ်သွားသော်လည်း ယခုမူ သူမလေးမှာ နောက်တစ်ကြိမ် ထပ်ငိုပြန်သည်။

“သမီး အစ်ကိုက ဘာမှမခိုးခဲ့ဘူး။ အဲ့ဒါက သမီးတို့အစ်မက သမီးတို့ကိုပေးထားတာ သူဘာမှမခိုးခဲ့ဘူး....ဝါးး”

ရှရှန်းသည် ငယ်သေး၍ အလွန်ကြောက်လန့်နေသောကြောင့် မည်သည့်အရာကို လုပ်ရမည်ကိုမသိချေ။ သူမသည် စကားကိုသာ ထစ်ထစ်ငေါ့ငေါ့ ပြောနေသော်လည်း သူမ၏စကားများကို လူတိုင်း ကြားလိုက်ကြသည်။

လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း) Where stories live. Discover now