အခန်း၁၀။ တကယ်ဘဲ အင်အားကြီးမားလာမည်လား

590 64 0
                                    

အခန်း၁၀။ တကယ်ဘဲ အင်အားကြီးမားလာမည်လား

ချီဖုန်းသည် ဤမိသားစု၏ တကယ့်စိတ်ရင်းအမှန်ကို သဘောပေါက်ခဲ့ပြီး သရော်ပြုံးပြုံးလိုက်သည်။ သူမသည် ရှိုက်ငိုနေသော ရှရှန်းကိုဖက်၍ ဆယ်နှစ်သား ရှဟွိုက်ကိုပါ အခန်းသို့ပြန်ခေါ်လာခဲ့သည်။ သူမသည် ပြတင်းပေါက်ရှေ့တွင် ထိုင်နေသော လူကိုကြည့်ပြီး

“ ယောကျာ်းရေ ရှမိသားစုကိုထားခဲ့ပြီး သပ်သပ်ခွဲနေကြရအောင်.... ကျွန်မ ဒီလို ဘဝမျိုးနဲ့နေရတာ တကယ်လုံလောက်သွားပါပြီ”

မထင်မှတ်ထားသောစကားကြောင့် ရုတ်တရက် ရှကျန်းရှီသည် မတ်တပ်ရပ်ပြီး ချီဖုန်းအား စူးစိုက်ကြည့်လိုက်သည်။သူသည် သူ၏အသံကိုလျော့ပြီး ခံစားချက်အချို့ကို ချုပ်ထိန်းထားဟန်တူသည်။

“မင်းဘာတွေပြောနေတာလဲ"

“ကျွန်မ.. ကျွန်မပြောတာက ရှမိသားစုကနေ ထွက်သွားသင့်ပြီ။ ကျွန်မတို့နှစ်ယောက်က ကိစ္စမရှိဘူး။ ဒါပေမဲ့ ကလေးတွေကို ကြည့်ပါဦး။ သူတို့လေးတွေခမျာ ရိုက်နှက်တာတွေကို အရမ်းကြောက်နေကြပြီ”

ချီဖုန်းသည် ရှကျန်းရှီကို ယခုကဲ့သို့ ပြောရသောအခါ အနည်းငယ် ကြောက်လန့်နေသေးသည်။ သို့သော် သူမသည် သူမ၏အကြီးဆုံးသားဖြစ်သော ရှဟွိုက်၏ ဒဏ်ရာများကို ကိုင်ကြည့်ရင်း မျက်ရည်များ ကျလာခဲ့သည်။

ရှကျန်းရှီသည် အိပ်ယာပေါ်မထိုင်ခင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။

“ငါ့မိဘတွေက အသက်ရှင်နေကြတုံးဘဲလေ။ ငါတို့က သူတို့ကို ဘယ်လိုထားခဲ့ရမှာလဲ”

ချီဖုန်းသည် စကားတစ်ခွန်းမျှ မပြောဘဲ ရှကျန်းရှီအား စိတ်ပျက်စွာဖြင့် ကြည့်လ်ုက်၏။ သူမသည် ရှရှန်းကိုသာ ဖက်၍ တိတ်ဆိတ်စွာငိုနေလိုက်သည်။

ရှရှင်းသည် ရက်အနည်းငယ်ကြာပြီးနောက် သူမ၏ အချစ်ဆုံးသူငယ်ချင်း ဝူရှန်းအာဆီမှ ရှမိသားစုတွင် ဖြစ်ပျက်နေသောအရာများကို သိရှိလ်ိုက်ရသည်။

ရှရှင်းသည် သူမ၏ ကြင်နာတတ်သော  မိခင်အကြောင်းတွေးမိ၍ ရင်နာကာ လက်သီးကို တင်းတင်းဆုပ်ထားလိုက်သည်။ သူမ နေပြန်ကောင်းမည့်အချိန်တွင် ဤပြဿနာကို သူမ ရင်ဆိုင်ရမည်။ သို့ရာတွင် ယခုတော့ သူမသည် မည်သည့်အရာကိုမျှ မလုပ်ပေးနိုင်သေးပါ။ သူမသည ချီဖုန့်အား နှစ်ဖက်စလုံးတွင် ဗျာများနေမည်ကို သို့မဟုတ် ပို၍စိတ်ပင်ပန်းစေမည်ကို မလိုလားပါ။ သူမသည် ဝူရှန်းအာအား ကြည့်၍ ပြောလ်ိုက်သည်။

လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း) Where stories live. Discover now