အခန်း ၅။ အမျိုးသမီးများကို ကြောက်ရွံခြင်း

740 69 0
                                    

အခန်း ၅။ အမျိုးသမီးများကို ကြောက်ရွံခြင်း

နောက်ဆုံး တစ်မိနစ်မပြည့်သေးခင် အမှိုက်ပုံထဲမှ တစ်စုံတစ်ယောက်မှာ နိုးထလာခဲ့သည်။ သူ့မျက်လုံးများကို ဖွင့်လိုက်သော အခိုက်အတန့် သူ့စိတ်မှာ ဗလာဖြစ်နေခဲ့သည်။

ထို့နောက် ချောင်းယန်ဟွေ့သည် သူ၏ ပတ်ဝန်းကျင်မှာ အလွန်ဆူညံနေသည်ဟု ခံစားလိုက်ရသည်။ သူသည် အသက်ရှူရန်ပင် ခက်ခဲနေခဲ့၏။ သူ့ခန္ဓာကိုယ် တစ်ခုလုံးမှာလည်း ပူလောင်နေပြီး မီးတောက်နေသလိုပင် ထင်ရသည်၏ ထို့ပြင် ဤနေရာသည် အနံ့အသက်လည်း မကောင်းချေ။

*ဘာဖြစ်ခဲ့တာလဲ*

ချောင်းယန်ဟွေ့သည် မာအန်းတိုင်းပြည်သို့ အလောတကြီး သွားနေသည်ကိုသာ မှတ်မိခဲ့သည်။ သို့သော် လမ်းတစ်ဝက်အရောက်တွင် အဆိပ်နှင့် ရုတ်တရက် တိုက်ခိုက်ခံရပြီး တောင်အောက်သို လိမ့်ကျသွားခဲ့သည်။ ထို့နောက် သူသည် မိန်းမတစ်ယောက်၏ အသံကိုကြားလိုက်ရသည်။ မုန်းစရာအကောင်းဆုံးအရာမှာ ထိုအမျိုးသမီးသည် သူ့အားအမှန်တကယ် အဓမ္မ ပြုကျင့်ခဲ့ခြင်းဖြစ်သည်။

သူမသည် သူ၏အဝတ်အစားများကို ချွတ်ခဲ့သည်။ ချောင်းယန်ဟွေ့သည် တစ်ခုခု မှားယွင်းနေကြောင်း ခံစားမိလိုက်သောအခါ ရုန်းကန်လိုက်သည်။ ယခင်က အဆိပ်မိထားသောကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ခွေယိုင်ပြီး အားအင်ချိနဲ့နေခဲ့သည်။

သို့သော် ယခုသည် ထိုအခြေအနေနှင့် လုံးဝ ကွဲပြားနေသည်။ သူ့တွင် အားအင်ရှိလာရုံသာမက သူ၏ ခွန်အားကို သုံးသောအခါတွင်လည်း အတားအဆီးမရှိတောာချေ။

သူသည် နှစ်ပေါင်းများစွာ အဆိပ်မိနေခဲ့ပြီး သူ့အသက်ကို အကာအကွယ်ပြုနိုင်ရန်အတွက် ကိုယ်ခံပညာကို သင်ယူရန် တောင်ပေါ်သို့သွားခဲ့သည်။ သို့သော် သူ့စွမ်းအားကို လှည့်ပတ်သောအခါ အခါ မည်သည့် အတားအဆီး၏ တည်ရှိခြင်းကို တစ်ခါမှ မခံစားခဲ့ပေ။

ချောင်းယန်ဟွေ့သည် ဂရုမစိုက်ချေ။ သူ့ခန္ဓာကိုယ်သည် ပိုပို၍ ပူလာခဲ့သည်။ သူသည် ချိုးဖြတ်ရန် ရုန်းကန်လိုက်ပြီး ဝုန်းခနဲ မြည်သံနှင့်အတူ သူ့ကိုတုပ်နှောင်ထားသည့် အဝတ်မှာ အပိုင်းပိုင်းထွက်သွားတော့သည်။

လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း) Where stories live. Discover now