"ယောက်ျား..... ရှင် ဘယ်လိုဖြစ်လို့ ပြန်လာတာလဲ"
ချန်ချိုးလျန်သည် ဒေါသအလွန်ထွက်နေသော ယောက်ျားဖြစ်သူကို ကြည့်ပြီး အလွန်ကြောက်ရွံ့သွားခဲ့သည်။
“ငါသာပြန်မလာဘူးဆိုရင် မင်း သူတို့ကို သတ်တော့မှာမလား"
သခင်ကြီးရှသည် အပြင်ဘက်တွင် စုဝေးနေသော လူများကို ကြည့်၍ ရှက်နေခဲ့သည်။ဘသူသည် အလွန်ဒေါသထွက်လာခဲ့သည်။ ရှမိသားစု၏ ဂုဏ်သတင်းသည် ဤမိန်းမကြောင့် မကြာခင် ပျက်စီးတော့မည်။ သူမသည် အပြင်မှလူများ သူတို့အကြောင်း ပြောနေကြသည်ကိုပင် ဂရုမစိုက်ခဲ့ချေ။
“အဲ့ဒီ့လိုမဟုတ်ပါဘူး အဲ့ဒီ့ကောင်မ ချီဖုန်းက သူမသမီးကို ပေးဖို့ မိသားစုရဲ့ ပစ္စည်းတွေကို ခိုးခဲ့လို့ပါ။ ကျွန်မသာ ဝင်မပြောဘူးဆိုရင် ဒီမိသားစု ပြိုကွဲပျက်စီးသွားမှာပေါ့။ ကျွန်မတို့မိသားစုက သူမ လုပ်လို့ ဘာမှကိုရှိတော့မှာမဟုတ်ဘူး”
ချန်ချိုးလျန်သည် ချီဖုန်းအား မိသားစုဝင်အဖြစ် မဆက်ဆံဘဲ လက်ညိုးထိုး၍ ကျိန်ဆဲနေလေသည်။
“အိမ်ကနေ ကျွန်မ ဘာမှမခိုးခဲ့ပါဘူး ကျွန်မ ဇာထိုးပန်းထိုးပြီး အခြားသူတွေအတွက် အကျီလေးတွေ ချုပ်ပေးရင်းနဲ့ ပိုက်ဆံရခဲ့တာပါ။ ချင်းမှာ ကလေး၃ယောက်ရှိပါတယ် သူမကို ပြုစုစောင့်ရှောက်ဖို့ ဘယ်သူမှမရှိပါဘူး...”
ချီဖုန်းသည် ချန်ချိုးလျန်၏ကြောက်စရာကောင်းသော အကြည့်ကို ဂရုမပြုဘဲ ရှချင်းအကြောင်းကို တွေးပြီးပြောပြသည်။
“အဖေ့”
ချန်ချိုးလျန်သည် ဤခေါ်သံကိုကြားသောအခါ သူမ၏လက်များကို မြှောက်လိုက်ပြီး ချီဖုန်းအား ပါးရိုက်လိုက်သည်။
“နင်က နင့်ဘာသာနင် ပိုက်ဆံကို သိမ်းထားရဲတယ်ပေါ့...”
ရှကျန်းရှီသည် ထိတ်လန့်သွားပြ တုန်ရီနေသော ချီဖုန်းအား ဖက်ထားခဲ့သည်။ သူသည် သူ၏မိခင်မှာ အဘယ်ကြောင့် အခုလိုဖြစ်သည်ကို တကယ်ပင်နားမလည်ခဲ့ချေ။
“ကလေးသုံးယောက်ဟုတ်လား”
သခင်ကြီးရှသည် ကျိုးကြောင်းမဆီလျော်သော ချီဖုန်းအား စိုက်ကြည့်ပြီး တုန်လှုပ်သွားခဲ့သည်။ ကလေးသုံးယောက်မွေးထားပြီးနောက် အသက်ရှင်နိုင်သည်ကို သူပထမဆုံး ကြားဖူးခြင်းဖြစ်သည်။ ယခင်က ကလေးနှစ်မြွာပူး မွေးလျှင်တောင် အသက်မရှင်နိုင်ကြပါ။ သူသည် ရှချင်း အလွန်ကံကောင်းမည်ဟု မမျှော်လင့်ခဲ့ပေ။
YOU ARE READING
လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း)
Historical Fictionအံ့ဖွယ်ဆရာဝန်ရှချင်းသည် မတော်တဆ ရေထဲသို့ ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ စိုက်ပျိုးရေးဝတ္ထုထဲသို့ ကူးပြောင်းသွားသည်ကို တွေ့လိုက်ရ၏။ ထို့နောက် ခန္ဓာကိုယ်အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်။ ရှချင်းလည်း မယုံ...