ရှချင်းသည် ဤတစ်ကိုယ်ကောင်းဆန်သောလူကြီးအား သူမ၏သားကို မချီစေချင်ခဲ့ပါ။
"သမီးချင်း နေကောင်းရဲ့လား သမီးအဆင်ပြေလား"
ချီဖုန်းသည် သူမ၏သမီး နေမကောင်းသည်ဟုကြားသောအခါ ကြောက်အားလန့်အားဖြင့်ပြေးလာခဲ့သည်။
"အမေ ဒီအခန်းက တအားကျဉ်းတယ်။ ပြီးတော့ အခု လူတွေက အများကြီးဘဲ သမီးအသက်ရှူမဝဘူးလို့တောင် ခံစားလာရတယ် ရင်ဘတ်အောင့်လိုက်တာ"
ရှချင်းသည် အားနည်းသောအသံဖြင့်ပြောလိုက်သည်။
ကလေးကို ချီရန်ဟန်ပြင်နေသော သခင်ကြီးရှ၏ လက်များမှာ တွန့်ဆုတ်သွားပြီး သူ၏မျက်လုံးများသည် ဒေါသအရိပ်အယောင်များပြည့်သွားသည်။သို့သော် သူသည် သူ၏နောက်မှ မိသားစုကို "တတိယအစ်ကိုနဲ့ သူ့မိသားစုကလွဲပြီး အခြားသူတွေ အပြင်ထွက်စောင့်နေကြ"
"ယုတ်မာတဲ့လူတွေက ဟန်ဆောင်ကောင်းလိုက်တာ"
ရှယွင်ချောင်းက မပျော်ရွှင်စွာဖြင့် လှောင်ပြောခဲ့သည်။ ထို့ကြောင့် သူမသည် သခင်ကြီးရှထံမှ အထင်အမြင်သေး၍ သဘောမကျသောအကြည့်ကို ရခဲ့လိုက်သည်။ ရှယွင်ချောင်းသည် မသွားချင် သွားချင်ဖြင့် ထွက်သွားရသည်။
သနားစရာ ရှချင်းကတော့ ရှယွင်ချောင်းက သူမ၏ငွေများအားလုံးယူသွားပြီးနောက်တွင် မည်သို့ ဘဝင်မြင့်သွားမည်ကို မြင်ရလိမ့်ဦးမည်။
အခြား ရှမိသားစုဝင်များသည်လည်း မသွားချင်ဘဲ ထွက်သွားခဲ့ရပါသည်။ သူတိူ့သည်လည်း ရှချင်းဆီမှ ငွေဘယ်လောက်ပမာဏရနိုင်မည်ကို သိချင်နေကြသော်လည်း သခင်ကြီးရှ၏ အမိန့်အား မဖီဆန်ရဲကြပေ။
ရှချင်းသည် သူမအမေ၏ လက်ပေါ်တွင်လဲလျောင်းလျက် စကားတစ်ခွန်းမျှ မပြောခဲ့ပါ။
"ချင်း သမီးဆရာက ဘယ်ကလဲ"
သခင်ကြီးရှသည် နောက်ဆုံး၌ သူသိချင်သောအရာကို မေးလိုက်ပြီဖြစ်သော်လည်း သူ၏အသံတွင် ကြောက်ရွံ့ခြင်းများရှိနေခဲ့သည်။ ထိုနေ့က ပုရှန်း၏ ခြိမ်းခြောက်မှုသည် အလွန်ထိရောက်ဟန်တူသည်။
YOU ARE READING
လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း)
Ficción históricaအံ့ဖွယ်ဆရာဝန်ရှချင်းသည် မတော်တဆ ရေထဲသို့ ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ စိုက်ပျိုးရေးဝတ္ထုထဲသို့ ကူးပြောင်းသွားသည်ကို တွေ့လိုက်ရ၏။ ထို့နောက် ခန္ဓာကိုယ်အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်။ ရှချင်းလည်း မယုံ...