အခန်း၁၁။ မင်းက ခိုးရဲတယ်ပေါ့

605 64 1
                                    

အခန်း၁၁။ မင်းက ခိုးရဲတယ်ပေါ့

ကလေးများအား ကြည့်ရှုပေးနေသော  တစ်စုံတစ်ယောက်ရှိနေခဲ့သောကြောင့်ရှရှင်းသည် အားလပ်နေခဲ့သည်။ သူမသည် ရှရှန်းနှင့် ရှကျစ်တို့ကို စာရေးရန် ခေါ်လိုက်သည်။ သူတို့အားဘအချိန်အတော်ကြာ စာသင်ပြီးနောက် နောက်ဆုံး၌ ရှကျစ်သည် သူ့နာမည်ကို ရေးချနိုင်ခဲ့သည်။

ရှကျစ်သည် စာရွက်တစ်ရွက်ကို သေချာကိုင်လာခဲ့ပြီး မေးလိုက်၏။

“အစ်မ သားဒီစာရွက်ကို သိမ်းထားချင်လို့ ပြန်ယူသွားလို့ရလား”

“ရတာပေါ့။ ဒါက ရှကျစ် ပထမဆုံးအကြိမ် စာရေးတာလေ အထင်ကြီးစရာဘဲ”

ရှချင်းက ပြုံး၍ပြောလ်ိုက်သည်။

“ကျေးဇူးပါ အစ်မ” ဟုဆိုကာ ရှကျစ်သည် သူ၏ ချစ်စရာကောင်းသော သွားစွယ်လေးများပေါ်အောင်ပြုံး၍ အလွန်ပျော်ရွှင်စွာ ပြန်ပြောခဲ့သည်။

ညဘက်၌ ချီဖုန်းသည် ရှကျစ်နှင့် ရှရှန်းကို ပြန်လာခေါ်ခဲ့သည်။ ရှရှင်းသည် အမြဲလိုလို ရှဟွိုက်အတွက် အစားအစာအချို့ ပြန်ယူသွားရန် သူတို့အားပြောသည်။သို့သော် သူမသည် ယနေ့သူတို့၏ ကျောဘက်မှ ဒဏ်ရာများကိုမြင်သောအခါ ရှချင်း၏ မျက်ခွံများ ဂနာမငြိမ်ဖြစ်လာခဲ့သည်။ တစ်ခုခုဖြစ်တော့မည့်ဟန် တူပေသည်။

ချီဖုန်းသည် ကလေးနှစ်ယောက်ကို တံခါးဆီသို့ ခေါ်သွားသည်။ ထိုအချိန်တွင် သူမသည် ရှကျန်းနန်၏ ၉နှစ်သားအရွယ် အငယ်ဆုံးလေး ရှမော့နှင့် ဆုံခဲ့သည်။

ရှမော့သည် ကြည့်ကောင်းပြီး ရှကျင်းနန်သည် ပျင်းရိသည်။ ဤလောက်ကြည့်ကောင်းသောသားရှိသောကြောင့် ရှကျင်းနန်သည် သူ၏သားကို ကျောင်းပို့ပေးရန် သခင်ကြီးရှအား အမြဲပြောခဲ့သည်။

ရှမော့သည် အသက်ငယ်သော်လည်းအလွန်ဆိုးသွမ်းပေသည်။ သူသည် ရင်ဘတ်ကိုလက်များနှင့်ဖုံးဖိထားသော ရှကျစ်ကိုတွေ့သောအခါချက်ချင်းအောပြောခဲ့သည်။

“အဲ့ဒီ့မှာရပ်စမ်း မင်းလက်ထဲမှာ ဘာကိုဖွက်ထားတာလဲ” 

“ရှမော့ နင်ဘယ်လို နင့်အစ်ကိုကို ဘာလို့ဒီလိုပြောရတာလဲ”

လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း) Where stories live. Discover now