ရှချင်းသည် ရှကျန်းရှီကို တစ်ခွန်းမှ မပြောချေ။ ယခုအချိန်တွင် တစ်ခုခုပြောလျှင်လည်း အသုံဝင်မည်မဟုတ်ပေ။ သူမသည် မျက်နှာဖူးရောင်နေသော ရှကျစ်ဘက်ကိုလှည့်၍ ရင်နာစွာဖြင့်
"ကျစ်ရေ ဒီကိုလာပါဦး အစ်မနင့်ကိုသေချာကြည့်ပေးချင်လို့"
ရှကျစ်၏ နားများသည် လွန်ခဲ့သော နှစ်ရက်ကတည်းက ဂျီဂျီဟူသော မြည်သံများကို ခံစားခဲ့ရသည်။ သူသည် ရှချင်းကို တွေဝေခြင်းများနှင့် ခဏကြည့်ပြီးနောက် သူသည်သူ့ကို သူမလက်ပြနေသည်ကိုမြင်သောအခါမှ နားလည်သဘောပေါက်သွားခဲ့သည်။ ထို့နောက် သူသည် ရှချင်းဆီသို့ ဂရုစိုက်စွာ ချဉ်းကပ်သွားခဲ့သည်။
သူသည် ဤရက်များတွင် အလွန်ဂရုစိုက်နေခဲ့ရပါသည်။ အထူးသဖြင့် သခင်ကြီးရှသည် အနီးအနားတွင်ရှိနေပါက သူသည် ကြောက်ရွံ့ကာ တုန်ရီနေတတ်ပြီး သူ့ကိုယ်သူ မထိန်းချုပ်နိုင်၍ ပို၍ပင်ဂရုစိုက်ရပါသည်။ရှချင်းသည် ရှကျစ်၏ အမူအရာကို မြင်သောအခါ သဘောမကျပေ။ ဖြစ်နိုင်သည်ကတော့......သူမသည် ရှကျစ်ကိုသေချာ ကြည့်ပေးပြီးနောက် သူမ၏အမူအရာသည် ဒေါသထွက်သောကုံစံဖြစ်သွားခဲ့သည်။
ရှကျစ်၏ နားစည်များသည် အနည်းငယ် ကွဲသွားပါပြီ။အကယ်၍ သူမသာ သူ့ကို လျစ်လျူရှုထားမည်ဆိုလျှင် သူသည် တကယ့်ကို နားကြားတော့မည်မဟုတ်ပေ။
"ရှောင်ချင်း ရှောင်ကျစ် ဘယ်လိုနေလဲ"
ချီဖုန်းသည် ရှရှန်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားသောအခါ ထရပ်ပြီးမေးလိုက်သည်။ချီဖုန်းသည် ရှချင်းအား ဆေးပညာကျမ်းကျင်မှု မရှိခင်ကတည်းက အလွန်ယုံကြည်ခဲ့သည်။ ရှကျန်းရှီသည် ဤအကြောင်းကိူ မသိခဲ့ပေ။ သူသည် စိတ်သာရှုပ်ထွေးနေခဲ့ပြီးမည်သူကမျှ သူတို့၏ သံသယများကို သူ့အားမရှင်းပြခဲ့ကြပါ။
"ရှောင်ကျစ် နင် အမအသံကြားရလား"
ရှချင်း၏ အသံသည် မကျယ်သော်လည်း အခန်းထဲရှိ အခြားသူများသည် သူမပြောသည်ကို ရှင်းရှင်းလင်းလင်း ကြားခဲ့ရပါသည်။
ရှကျစ်သည် ရှချင်းကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေခဲ့ပြီး ပြန်မဖြေခဲ့ပါ။ ရှကျန်းရှီနှင့် ချီဖုန်းသည် ထိတ်ထိတ်ပြာပြာဖြစ်သွားခဲ့သည်။
YOU ARE READING
လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း)
Historical Fictionအံ့ဖွယ်ဆရာဝန်ရှချင်းသည် မတော်တဆ ရေထဲသို့ ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ စိုက်ပျိုးရေးဝတ္ထုထဲသို့ ကူးပြောင်းသွားသည်ကို တွေ့လိုက်ရ၏။ ထို့နောက် ခန္ဓာကိုယ်အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်။ ရှချင်းလည်း မယုံ...