တောင်တန်းများ၌ မိုင်းခွဲရန်အတွက် အလုပ်သမားများကို ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့က လာရောက်ရှာဖွေနေလေသည်။ သာမာန်အားဖြင့် လူတိုင်းသည် လယ်ယာလုပ်ငန်းထက် ထိုကဲ့သို့ အလုပ်သည် ဝင်ငွေပိုရသောကြောင့် ထိုအလုပ်ကို လုပ်ချင်စိတ်ရှိကြသည်။ သို့သော် ဤပရောဂျက်သည် မိုင်းခွဲရန်အတွက် လူများရှာဖွေနေကြခြင်းဖြစ်သည်။
ပထမအသုတ်၌ မိုင်းတူးရန်အတွက် ထွက်သွားသည့် လူများသည် ဝင်ငွေအများဆုံးရရှိကြသည်ကို လူကြီးများကသိကြသည်။ မည်သို့ပင်ဖြစ်စေ ထွက်သွားသော လူဆယ်ယောက်တွင် တစ်ယောက်မျှသာ ပြန်လာနိုင်ကြသည်။ ပထမအသုတ် မိုင်းတူအဖွဲ့ကို အသေခံ ကြသူများဟု သတ်မှတ်ကြသည်။ သူတို့၏ ဘဝကိုရင်းပြီး ပိုက်ဆံရအောင် ရှာဖွေနေကြသည်။ သို့သော် ထိုပိုက်ဆံများကို သူတို့မသုံးနိုင်ကြတော့ပေ။
မည်သို့ပင်ဖြစ်စေ ရှမိသားစုသည် ထိုအကြောင်းကို သိသွားသည့်အခါ သူတို့ သည် ရှကျန်းရှီကို ပါဝင်ရန်ပြောလေသည်။ သူကြာကြာသွားလေလေ သူအသက်ရှင်သည်ဖြစ်စေ သေသည်ဖြစ်စေ ပိုက်ဆံရမှာဖြစ်သည်။
သူမသွားချင်ဖူးဆိုလျှင် သူတို့သည် ရှချင်းကို ပိုက်ဆံထုတ်ပေးရန်အတွက် စောင့်မည်ဖြစ်သည်။ ရှမိသားစုသည် ကောင်းမွန်သော အစီအစဉ်များကို ချမှတ်ခဲ့ကြသည်။
ချီဖုန်းသည် ထိုအကြောင်းကို သိသွားသောအခါ သူမသည် ဘယ်လိုလုပ်လုပ် ရှကျန်းရှိကိုသွားခွင့်ပေးမည်နည်း။ ထင်သည့်အတိုင်းပင် သူမငြင်းလိုက်၏။ ချန်ချိုးလျန်သည် ရှချင်းပြောသည့်စကားကို ဒေါသဖြစ်နေသည်။ ထိုအရာက ပိုက်ဆံရမည့် တစ်ခုတည်းသော နည်းဖြစ်သည်။ ထိုအရာကို တားဦးမည်လား။သူသည် ဒေါသထွက်ပြီး တုတ်တစ်ချောင်းကို ယူကာရိုက်လိုက်သည်။
ရှချင်းရောက်လာသည့်အခါ ရွာသားများသည် သခင်ကြီးရှကို ကြည့်ရှူနေကြသည်။
သူတို့ထဲက အချို့သည် ကိုယ်ချင်းစာကြသည်။တချို့သည် ဖျော်ဖြေးရေးအနေဖြင့် ကြည့်နေကြသည်။ သို့ပေမယ့် မည်သူကမှ တားဖို့ မကြိုးစားကြပေ။ အားလုံးသည် ဆင်းရဲသည့် မိသားစုများမှ ဖြစ်ကြသည်။
YOU ARE READING
လယ်ယာစိုက်ပျိုးရန် ခင်ပွန်းတစ်ယောက်ကို ကောက်ယူခြင်း(ရှချင်း)
Historical Fictionအံ့ဖွယ်ဆရာဝန်ရှချင်းသည် မတော်တဆ ရေထဲသို့ ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။ မျက်လုံးပြန်ဖွင့်လိုက်သောအခါ စိုက်ပျိုးရေးဝတ္ထုထဲသို့ ကူးပြောင်းသွားသည်ကို တွေ့လိုက်ရ၏။ ထို့နောက် ခန္ဓာကိုယ်အောက်ပိုင်းမှ ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရသည်။ ရှချင်းလည်း မယုံ...