2

13.2K 434 12
                                    

💝 Part - 2 💝

◽◽◽◽◽

"M 16ကို သင်ပေးနေတာ တစ်ပတ်လောက်ရှိပြီနော် အသက် ဘာလို့အခုထိမရသေးတာလဲ"

စီးကရက်မီးညှိရင်း ဖေဖေက အသက်ကိုမကြည့်ဘဲမေးလာတော့ စိတ်ထဲလန့်သွားမိသလို ခေါင်းကိုငုံ့ပစ်လိုက်မိသည်။
အသက်ကလည်း အသက်…
ဖေဖေသင်ပေးနေသည်မှာ တစ်ပတ်ကျော်ခဲ့ပြီဖြစ်ကာ ကိုကိုတောင်မှ ကျွမ်းကျင်နေခဲ့ပြီး အသက်ကတော့ ပစ်ကွင်းထဲဝင်ရုံသာရှိသေးသည်။

ဒါ့အပြင် ဖေဖေ ရိုက်သွင်းပေးထားသည့် Leoponရဲ့အရှင်သခင်ဟာ နေရာတကာမှာ တော်နေ၊ထက်နေရမည်ဆိုသောစကားကြောင့် ကိုယ့်ကိုယ်ကို စိတ်ပျက်သွားမိ၏။
အသက်ဟာ ဘယ်နေရာမှမတော်ပါလား…

"ဒီနေ့မှ ပစ်မှတ်ကိုမထိရင် ညစာစားဖို့စိတ်မကူးနဲ့"

ဖေဖေ ထသွားတော့ အသက်သည်ဝမ်းနည်းစိတ်ဖြင့် ခေါင်းငုံ့ငြိမ်သက်နေခဲ့ကာ မျက်လုံးထဲ ဖိနပ်တစ်စုံဝင်လာတော့မှ ပြန်မော့ကြည့်မိသည်။

"ဦးယံက ဆူသွားတာလား"

"အင်း"

"ပေး"

ကိုကိုက အသက်လက်ထဲက M 16ကိုလှမ်းယူလိုက်ပြီး မောင်းတင်ကာ ပစ်မှတ်ကိုချိန်လိုက်၏။
ကိုကိုက အားကစားကိုသေချာလုပ်သူမို့ ကြွက်သားတွေရှိပြီး body structureတောင့်သူဖြစ်သည်။
လေးဘုန်းဆီက အမွေရထားသည့် ရဲရင့်ပြတ်သားမှုတွေ၊ တီတီခရာ့ဆီက အမွေရထားသည့် ထက်မြက်မှုတွေကြောင့် အသက်အတွက်တော့ ကိုကိုဟာ ဒုတိယIdolဖြစ်၏။
ပထမ Idolကတော့ အသက်ရဲ့ဖေဖေ…

ဒိူင်းခနဲအသံနှင့်အတူ ပစ်မှတ်နေရာမှာ ပေါက်ထွက်သွားတော့ အသက်ဝမ်းသာသွားပြီး ကိုကို့ကိုလက်မထောင်ပြလိုက်၏။
ထိုအခါ ကိုကိုက အသက် လက်ထဲသို့M 16ကိုပြန်ထည့်ပေးကာ…

"ခြေထောက်ကို နည်းနည်းခွဲထား"

"ဟုတ်"

"ပြောင်းကိုင်ထားတဲ့လက်ကို ငြိမ်နေအောင်ထား.. မောင်းဆွဲမယ့်လက်ကိုလည်းမြှောက်ထား"

ဟု ကိုယ်နေဟန်ထားတွေကအစ သေချာပြင်ပေးတာမို့ အသက် ကိုကို့စကားကိုနားထောင်လိုက်၏။
ထိုအနေအထားအတိုင်း ပစ်မှတ်ကိုချိန်ပစ်တော့ ကိုကို့ပစ်ချက်အနားမှာ အပေါက်တစ်ပေါက်ဖြစ်သွားသည်။

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now