57

12K 432 16
                                    

💝 Part - 57 💝

◽◽◽◽◽

"5%ကိုသွားပြီးမက်မောလိုက်တာလား အခု"

"ဈေးကွက်စအဖွင့်မှာ 5%လျှော့ချထားတာက ဖြစ်နိုင်ချေရှိတယ်လို့ ထင်လိုက်မိတာပါ"

"ဘယ်လောက်ရင်းနှီးမြှုပ်နှံလိုက်တာလဲ"

"သိန်း၄၀၀၀"

"အဲ့ဒါဘုတ်အဖွဲ့ကဆုံးဖြတ်လိုက်တာလား"

"ဟုတ်ပါတယ်"

ဒါရိုက်တာအစည်းအဝေးဖြစ်ပေမယ့် စစ်မြေပြင်တစ်ခုနှင့်တူနေကာ ဆက်တိုက်ထိုးနှက်လာသည့် သတင်းတွေကြောင့် The Grandရဲ့ရှယ်ယာဈေးသည် နလံမထူနိုင်အောင်ဖြစ်နေသည်။
ဒီမနက် ရှယ်ယာဈေး စအဖွင့်မှာ Min groupရဲ့ရှယ်ယာဈေးတွေတက်လာခဲ့ကာ ပေါက်ဈေးထက် 5%နီးပါးလျော့နည်းနေ၍ အတွင်းလူလက်ချက်ဟု ထင်ခဲ့မိသည်က ပထမအမှား…
ထိုwebsite၏ Bank paymentကို အတည်မပြုမိလိုက်သည်က ဒုတိယအမှားဖြစ်ကာ
တတိယအမှားကတော့ သိန်း၄၀၀၀ရင်းနှီးမြှုပ်နှံလိုက်ခြင်း။

မှားယွင်းခဲ့ပြီးမှ Bank paymentကိုပြန်စစ်သည့်အခါ Min Groupနှင့်သက်ဆိုင်ခြင်းမရှိသောAccတစ်ခုဖြစ်နေကာ ထိုအကောင့်သည်Htun Myanmarကုမ္ပဏီပိုင် bank accဖြစ်နေ၏။
စီးပွားရေးBloggerအများကြီးက အတည်ပြုထားသော သတင်းမို့ ဒီလိုတွေဖြစ်နိုင်ချေရှိတာကို ထည့်စဥ်းစားဖို့မေ့သွားခဲ့တာကတော့ အကြီးဆုံးအမှားဖြစ်သည်။

"ဒီအတိုင်းဆို ကုမ္ပဏီဘတ်ဂျက်က အတော်ပဲ့ထွက်သွားမှာပဲ"

"စီးပွားရေးBloggerတွေဆီက သတင်းတွေထပ်တက်လာပြန်ပြီ The Grandခံလိုက်ရပြီဆိုပြီး"

"အဲ့ဒီသတင်းတွေကိုပိတ်ထားစမ်းပါ အခုစုံစမ်းရမှာက အဲ့ဒါဘယ်သူ့လက်ချက်လဲ"

"ဘယ်သူရှိရမှာလဲ ဟိုကောင်မလေးပဲဖြစ်မှာပေါ့ ဘုန်းတန်ခိုးရဲ့တူမ"

"မင်း သူ့ရဲ့တင်ဒါတွေလုလာတယ်ဆို အဲ့ဒါအတွက် လက်စားချေတာလားမှမသိဘဲ ပြည်ထောင်စုလမ်းမကြီးprojectမှာ Min Groupကို စရံပြန်အမ်းလိုက်တယ်မလား"

"ဟုတ်တယ်"

"သေချာတယ် အဲ့ဒါ အဲ့ဒီဟာမလေးလက်ချက်ပဲ"

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now