52

11.3K 501 30
                                    

💝 Part - 52 💝

◽◽◽◽◽

ဒီနေ့ဟာ ပန်းထက်အက္ခရာဆိုသော ကိုကို့အမေရောက်လာမည့်နေ့မို့ နေနေ ဖင်တကြွကြွဖြစ်နေမိကာ ထိုအန်တီသည် ကိုကို့လက်ရှိအဖြစ်ကို မြင်သွားခဲ့ပါလျှင် နျူကလီးယားဗူံးထက်ပေါက်ကွဲနိုင်လောက်သည်။
ထိုအမျိုးသမီးဟာ ကိုကို့ကိုဒီနယ်မြေခေါင်းဆောင်အဖြစ် ဘယ်လိုမှမထားနိုင်မှာ သေချာသလောက်ရှိ၏။

"ဟင်း!! မောလိုက်တာ မမရယ် နေနေထောင်ကျတော့မှာလားဟင်"

"နင်ကဘာလို့ကျမှာလဲ ကျချင်းကျ ဖေဖေရယ်၊ ငါရယ် ကိုကိုရယ် ထိပ်ဆုံးကကျမှာပဲ"

"ကိုကိုကလူသဝာ်ဖူးတယ်လား"

"အံမယ် နင့်ယောကျာ်းကို innocentလေးမှတ်နေတာလား နေနေမ"

"ဘယ်တုန်းကလုပ်ဖူးလို့လဲ"

"အသိသာဆုံးတစ်ခုကိုပြောမယ် ငါလုပ်ကြံခံရတုန်းက ဘယ်သူ့လက်ချက်နဲ့ လွတ်လာတယ်ထင်လဲ"

"ဟင်!"

"အေး အဲဲ့ဒီလူတွေအကုန်လုံး နင့်ယောကျာ်းက ရှင်းပစ်လိုက်တာ"

နေနေ ပါးစပ်အဟောင်းသားဖြစ်သွားမိချိန်ကားသံသဲ့သဲ့ကြားလိုက်ကာ မမ ထရပ်လိုက်၍ နေနေလည်းထရပ်လိုက်သည်။
နှုတ်ဆက်သံတွေနှင့်အတူ စံအိမ်ထဲဝင်လာသည့် ဒေါက်ဖိနပ်သံတစ်ခုဟာ မြေကြီးတွေတုန်နေစေသလိုထင်မိကာ နေနေ့မြင်ကွင်းထဲသို့ အမျိုးသမီးတစ်ယောက် ဝင်ရောက်လာ၏။
အခါများစွာမြင်ဖူးခဲ့ပေမယ့် ဒီတစ်ခါတော့ ထိုအမျိုးသမီးရဲ့အပြုံးတွေက အေးစက်နေသယောင်…

"လာပါဦး ချွေးမလေး"

အန်တီခရာက နေနေ့ကို ပွေ့ဖက်နှုတ်ဆက်လာ၍ ဟဲခနဲရယ်ပြလိုက်ရပြီး နောက်မှဝင်လာတာက ဦးဦးနဲ့ ဦးဦးရဲ့ညီ။
ထို့နောက်မှာမှ ကိုကို…

"ခရာက သိပ်လောနေတယ်ထင်တယ် ကလေးတွေ စေ့စပ်တဲ့နေ့က လက်မှတ်ထိုးထားတယ်မလား"

"Omm"

"အဲ့ဒါကိုဇဝေဇဝါဖြစ်နေတာ ထားပါ.. ဒေါက်တာတို့က လာဦးမှာလား"

"ညနေမှ ညစာစားဖို့လာလိမ့်မယ် အခုတော့နားပါဦး ခရာရယ် ရောက်ကတည်းက ပြာယာခတ်နေတာပဲ"

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now