💝 Part - 26 💝
◽◽◽◽◽
ဒက်ဒီရောက်လာသည့်အခါ ဈာပနကိစ္စကို ဆက်စီစဥ်ကြပြီး ဘွားဘွားရဲ့ဈာပနသည် တခြားဈာပနတွေလို ငိုယိုပူဆွေးနေမည့်သူမရှိ။
ဘွားဘွားကို သိပ်ချစ်သည့်ဘိုးဘိုးကိုယ်တိုင်ကလည်းမငိုသလို ဘွားဘွားနဲ့ကြီးပြင်းခဲ့သော ဒက်ဒီကလည်း ဘွားဘွားလက်ကလေးကိုကိုင်ပြီး တစ်ချက်တစ်ချက်ငုံ့နမ်းနေရုံသာ…
မနေ့ ဘိုးဘိုးပြောခဲ့သလို ဆုံးရှုံးလိုက်ရခြင်းမမည်သော လက်လွှတ်လိုက်ရခြင်းကြောင့်လားတော့မသိ။ဘွားဘွားရဲ့ဈာပနအပြီးမှာ ဘိုးဘိုးသည် အရင်ကထက်ပိုပြီးနှုတ်ဆိတ်သွားကာ ဘုရားရှိခိုး၊ တရားထိုင်နေရင်းဖြင့်သာ အချိန်ကုန်တတ်လာ၏။
သူတို့အတွက်တော့ ဘိုးဘိုးကိုတစ်ယောက်တည်းထားခဲ့ဖို့ စိတ်မချတာမို့ ဒက်ဒီတို့ညီအစ်ကိုနှစ်ယောက် တိုးတိုးတိတ်တိတ်တိုင်ပင်နေချိန် သူက ဒက်ဒီရှေ့မှာဝင်ထိုင်လိုက်သည်။"မင်းကဘာလုပ်မလို့လဲ"
"ထားလိုက်ပါတန်ခိုးရာ တစ်နေ့နေ့ သူလည်း ဒီမိသားစုအရေးမှာ ဦးဆောင်ဦးရွက်ပြုရမယ့်သူပဲ သူလည်းနားထောင်ပါစေ"
ဦးယံက ခွင့်ပြုပေးသောကြောင့် ဒက်ဒီကဘာမှထပ်မပြောတော့ဘဲ အစ်ကိုဖြစ်သူကိုပဲကြည့်ကာ…
"ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲအစ်ကို အဖေတစ်ယောက်တည်းစိတ်မချဘူး ကျွန်တော်မြေပြန့်ကိုပဲခေါ်သွားလိုက်မယ်"
"အဖေကလိုက်မှာမဟုတ်ဘူး ငါတို့မိသားစုပဲ ဒီကိုရွှေ့မလားလို့ စိတ်ကူးနေတာ"
"ဒါပေမယ့်တောင်ကြီးစံအိမ်က လွယ်လွယ်နဲ့ပြောင်းလို့ရမယ်မထင်ဘူးနော် Leoponအတွက်တော့ လားရှိုးထက် တောင်ကြီးကအချက်အချာပိုကျတယ်"
"အင်း.. သိတယ် ငါLeoponကို လက်လွှတ်တော့မလို့"
ထင်မှတ်မထားသောဦးယံရဲ့စကားကြောင့် ဒက်ဒီကိုယ်တိုင်လည်းအံ့ဩသွားသလို သူကိုယ်တိုင်လည်း အံ့အားသင့်သွားမိသည်။
ဦးယံဟာ Leoponကိုအုပ်ချုပ်နေခဲ့တာ နှစ်၄၀နီးပါးရှိပြီဖြစ်ကာ Leoponဟာ ဦးယံနဲ့ခွဲခြားလို့မရအောင် တစ်ထပ်တည်းကျနေခဲ့ပြီ။
ရှမ်းပြည်တစ်ခုလုံးကိုတောင် Leoponနယ်မြေအဖြစ် ဖန်တီးပြီးကာမှ ဦးယံဘာကြောင့်စိတ်ပြောင်းသွားတာလဲ…
YOU ARE READING
အသက်ကို အသက်လိုငြိတွယ်သူမယ်
Romanceကျွန်တော်ချစ်ရမှာကိုကြောက်တယ် ဘာလို့ဆို ချစ်မိသွားရင် မျက်စိကန်းသွားသလိုပဲ အန္တရာယ်လည်းမသိတော့ဘူး ချောက်ကမ်းပါးလည်းမသိတော့ဘူး ဘုန်းအာဏာလျှံ အချစ်ကိုအယုံအကြည်မရှိဘူး အသက်သိတာက အသက်တို့မိသားစု အန္တရာယ်မရှိဖို့ပဲ ချစ်မိတဲ့သူက ရှုံးတာပဲတဲ့ အသက် ဘယ်တေ...