💝 Part - 50 💝
◽◽◽◽◽
"လုပ်ရက်လိုက်တာဟယ် ညည်းဘယ်လိုလူကိုမှ သွားကြိုက်မိတာလဲ သိမ်မွေ့ရယ်"
အန်တီမခငိုသံနှင့်အတူ လေးလေးပီယ လက်သီးဆုပ်လိုက်သည်ကို မမြင်မကြားချင်ပါလျက် မြင်နေကြားနေရသည်။
သိမ်မွေ့နဲ့အဆက်အသွယ်ပြန်ရကြောင်း သတင်းကြားလိုက်သောအန်တီတို့ဟာ သူတို့အိမ်ကို ချက်ချင်းရောက်လာ၍ သိမ်မွေ့ကိုဖုန်းဆက်ပေးတာမို့ သိမ်မွေ့အသံကြားသည်နှင့် ဆူးတစ်ချောင်းနစ်ဝင်သွားသလို ခံစားလိုက်ရသည်။
ကိုယ့်မှာတော့ အဆုံးသတ်သွားခဲ့ပြီမလား…"သမီးတောင်းပန်ပါတယ်"
"ညည်းပြန်လာခဲ့ သိမ်မွေ့ ငါသဘောမတူနိုင်ဘူး ရက်စက်လိုက်တာ ငါ့သမီးကိုသေစာရင်းသွင်းပြီး အပိုင်သိမ်းရတယ်လို့
ကြားလား ပြန်လာခဲ့ ဒီအဖေနဲ့အမေ ညည်းအတွက် ဘယ်လောက်ပူလောင်နေသလဲ ညည်းသိတယ်မလား""သမီးပြန်လာရင် ဦးနဲ့သဘောတူမှာမို့လို့လား"
ခေါင်းမာသော သိမ်မွေ့ကလည်း ပြန်လာချင်ပုံမရသလို သိမ်မွေ့ပြန်လာချင်ရင်တောင် ဟိုလူကြီးကပြန်လွှတ်မှာမဟုတ်။
သိမ်မွေ့ကို အပိုင်ယူသွားခဲ့တာမို့ ဘယ်လက်လွှတ်ပေးပါတော့မလဲ…
အခုတောင် Mineကြောင့်သိခွင့်ရခဲ့ခြင်းဖြစ်ကာ…"နင်တို့နှစ်ယောက်ကိုက အဲ့ဒီမိသားစုနဲ့သွားပတ်သက်တာ အဟင့်! ငါ့သမီးလေးကို ဒီတစ်သက်ထပ်မမြင်ရတော့ဘူးလား မင်းနေရဲ့"
သူ့အင်္ကျီစတွေကိုဆုပ်ဆွဲပြီး သည်းထန်စွာငိုနေသော အန်တီ့ကြောင့် သူပါငိုချင်လာမိ၍ မျက်နှာလွှဲထားလိုက်မိသည်။
သူ့ရင်ထဲမှာလည်း မီးလောင်ပြင်ကြီးလို ပူလောင်နေဆဲဖြစ်ကာ ဒီမီးကို ဘာနဲ့ငြှိမ်းသတ်ရမလဲမသိတော့…
သိမ်မွေ့ဖုန်းချသွားသည်နှင့် လေးလေးပီယက နေရာမှထထွက်သွားသလို အန်တီမခရဲ့ငိုချလိုက်သံက တစ်ခန်းလုံးဖုံးလွှမ်းသွား၏။"မင်းနေ အဲ့ဒီလူက မင်းကောင်မလေးရဲ့ဦးလေးဆို အဲ့ဒီကောင်မလေးကို ပြောခိုင်းလို့မရဘူးလား"
"တော်ပါတော့ အန်တီရာ"
"ဟင့်အင်း ငါ့သမီးမှမသေသေးတာ ငါတွေ့ချင်တာပေါ့ ပြီးတော့အဲ့ဒီလူ..
ဘာလို့များ ငါတို့အပေါ်ဒီလောက်ထိရက်စက်ရသလဲ ငါသိချင်တယ် ပိုက်ဆံလိုချင်တာဆိုရင်လည်း ငါတို့မှာရှိတာအကုန်ပေးပါ့မယ်လို့"
YOU ARE READING
အသက်ကို အသက်လိုငြိတွယ်သူမယ်
Romanceကျွန်တော်ချစ်ရမှာကိုကြောက်တယ် ဘာလို့ဆို ချစ်မိသွားရင် မျက်စိကန်းသွားသလိုပဲ အန္တရာယ်လည်းမသိတော့ဘူး ချောက်ကမ်းပါးလည်းမသိတော့ဘူး ဘုန်းအာဏာလျှံ အချစ်ကိုအယုံအကြည်မရှိဘူး အသက်သိတာက အသက်တို့မိသားစု အန္တရာယ်မရှိဖို့ပဲ ချစ်မိတဲ့သူက ရှုံးတာပဲတဲ့ အသက် ဘယ်တေ...