17

8.6K 421 25
                                    

💝 Part - 17 💝

◽◽◽◽◽

"ဘုန်းတန်ခိုးက သူ့လူတချို့ကို အလုပ်ကိစ္စနဲ့ခေါ်သွားတယ် ဆရာ နေပြည်တော်ကိုသွားကြမှာ"

"ဘာရှိလို့လဲ"

"လုပ်ငန်းတင်ဒါကိစ္စလို့ကြားတယ် သူ့မိန်းမလည်းပါတယ် အဲ့ဒါကြောင့်အဲ့ဒီလူတွေကို ခေါ်သွားတာ"

"ဒါဆိုလုံခြုံရေးပိုင်းမှာဟ,သွားမှာပဲ ဟုတ်လို့လားသေသေချာချာစုံစမ်းခဲ့တာလား ဘုန်းတန်ခိုးကိုလျှော့မတွက်နဲ့နော် အဲ့ဒီကောင်က မင်းကိုတစ်ပတ်ရိုက်သွားလိမ့်မယ်"

"သေချာပါတယ် ဆရာ ဒီနေ့မနက်သွားမှာတဲ့ နေပြည်တော်မှာ ၂ရက်လောက်တော့ကြာနိုင်တယ်"

"ဆန်းတော့ဆန်းသား အဲ့ဒီကောင်ကဘယ်တော့မှ လက်လွှတ်စပယ်မလုပ်တတ်ဘူး ဒါပေမယ့် သူလည်း သူ့အစ်ကိုလို Confidenceအရှိလွန်ပြီး ကန်းသွားတာလည်းဖြစ်နိုင်တာပဲ သူ့သားကရော"

"သူ့သားကိုတော့ ရွှေဧရာစီမံကိန်းမှာတာဝန်ပေးထားတယ် ဆရာ ဒီရက်တွေထဲ အဲ့ဒီစံမံကိန်းကို ခပ်စိပ်စိပ်သွားလာနေရတယ် ဘုန်းတန်ခိုးမရှိတော့ရင် ကျွန်တော်တို့သတိထားရမှာက အဲ့ဒီကောင်လေးကိုပဲ"

"အေး.. သူ့မှာM9တွေရှိတယ် ခလုပ်တစ်ချက်နှိပ်ရုံပဲ"

"ဆိုတော့ ဒီကောင်လေး စီမံကိန်းကိုသွားတဲ့အချိန် ကျွန်တော်စုံစမ်းထားတယ် စီမံကိန်းနယ်မြေနဲ့အိမ်ရဲ့အသွားအပြန်ခရီးက စုစုပေါင်း၄နာရီကျော်ကြာတယ်
အဲ့ဒီ၄နာရီအတွင်းမှာ ကျွန်တော်တို့လုပ်နိုင်ဖို့ပဲလိုတယ်"

"ဒရုန်းတွေကရောက်မလာနိုင်ဘူးလား ဟိုကောင်လေးက ITအင်ဂျင်နီယာနော် သူ့လက်ထဲက M9တွေဘယ်လောက်ရှိသလဲမသိဘူး"

"ဒါပေမယ့် M9တွေက ပေ၁၀၀၀အတွင်းပဲထိန်းချုပ်နိုင်တာမလား စီမံကိန်းနေရာက မြို့ထဲနဲ့ဆို ပေ၁၀၀၀မကဘူးဝေးတယ် Serverအကြီးကြီးရှိရင်တော့ ထိန်းချုပ်လို့ရပေမယ့် သူတို့နေတဲ့ကွန်ဒိုမှာ Serverအကြီးကြီးမရှိတာသေချာတယ် ဆရာ"

"သခင်လေးကရော"

"သခင်လေးက တာချီလိတ်ကနေပြန်လာတာမကြာသေးဘူး သက်ထက်ဘုန်းလျှံနဲ့ပတ်သက်ပြီး ဇွဲကပင်နဲ့စကားများခဲ့တယ်တဲ့ စံအိမ်ပြန်ရောက်တော့လည်း သောင်းကျန်းသေးတယ်တဲ့"

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now