Extra 3

8.7K 265 6
                                    

💝 Extra part - 3 💝

◽◽◽◽◽

၅နှစ်ခန့်ကြာပြီးနောက်

    
"ဘာလို့အဲ့လောက်လေးတာတွေ မ,နေတာလဲ"

ကိုကြီးအသံက အလိုမကျစွာမာကျောနေ၍ အသက်ကြောင်သွားမိကာ လက်ထဲကိုင်ထားသည့်Laptopကိုအယောင်ယောင်အမှားမှားဖြင့် ငုံ့ကြည့်လိုက်မိသည်။
ဒီLaptopကိုလေးတယ်လို့ ပြောလိုက်တာလား…

"ကိုကြီးကလည်း ဒါကLaptopလေ ဘယ်လောက်လေးမှာမို့လို့လဲ"

"လေးတာပေါ့ ကိုယ်ဝန်ဆောင်နေတဲ့အချိန်မှာ သက်သောင့်သက်သာနေစမ်းပါ ကိုကြီးရေ Laptopယူပေးပါလို့ခိုင်းရင် ဘာဖြစ်မှာမို့လဲ"

"အသက်လုပ်နိုင်နေတဲ့ဟာကို"

"ဘာနေနေကွာ ကိုကြီးရေဆိုပြီးခိုင်းစမ်းပါ အချွဲခံချင်လို့ပါဆို"

"ကိုကြီးနော် အကဲမပိုနဲ့ ပေါင်းလာတာပဲ၅နှစ်ကျော်ပြီ ဖယ်.. အဲ့လက်ကြီးက လာလည်းမဖက်နဲ့"

ငါးပူတင်းလေးဖြစ်နေသော သူမလေးကို စွေ့ခနဲပွေ့ချီပစ်လိုက်တော့ Mineသည် လူးလွန့်ရုန်းကန်လာသည့်အပြင် သူ့ကိုပါထုနှက်လာ၍ ကျေကျေနပ်နပ်အထုခံလိုက်သည်။
ဖေဖေတို့က မိုးကုတ်မှာပဲနေတော့မှာမို့ မန္တလေးအိမ်သည် သူတို့နှစ်ယောက်သာနေရပြီး သူတို့ချည်းသာမို့ လွတ်လွတ်လပ်လပ်ရှိသည်။
သို့သော် သူ့မိသားစုမှာ လူဦးရေတိုးပွားနေပြီမို့ အိမ်အကူတွေခေါ်ထားရပြီး ချစ်လှစွာသောအသက်ကလေးကိုတော့ ဘာမှမလုပ်ခိုင်းချင်…
ဖေဖေပြောသလို..

"မင်းကိုခိုင်းရတာထက် ကိုယ့်ဘာသာလုပ်လိုက်တာက ပိုပြီးစိတ်သက်သာရာရတယ်"

ဆိုသလို ဤငါးပူတင်းမလေးကို ခိုင်းမည့်အစား ကိုယ်ကသာလုပ်ပေးချင်တော့သည်။
ဖေဖေဟာ သူ့အတွက်တော့ မိန်းမချစ်ဆေးတွေကို နည်းမှန်လမ်းမှန်ဖြင့် ညွှန်ကြားသွားသူဖြစ်ကာ တကယ်ကျေးဇူးတင်ထိုက်သည့်လက်ဦးဆရာဖြစ်သည်။

"ကိုယ်ကစိတ်ပူလို့ပါ ကြည့်ပါလား ကိုယ့်ကိုထုနေတာ လက်တွေတောင်ရဲနေပြီ"

"ရှင်ကိုကအကဲပိုလွန်းတာ ဖယ်.. အလုပ်လုပ်မလို့ စာရင်းတွေပုံနေပြီ"

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now