18

9.1K 541 40
                                    

💝 Part - 18 💝

◽◽◽◽◽

ဘယ်သူမှမရှိသောအခန်းကြောင့် သူ ခေါင်းကိုတစ်ချက်ကုတ်လိုက်မိချိန် အခန်းတံခါးဖွင့်သံကြားလိုက်ရ၍ လှည့်ကြည့်မိတော့ ယိုင်နဲ့နဲ့ဖြစ်နေသော သူမ…
ဘာများဖြစ်လာသလဲဟု အထိတ်တလန့်ဖြင့် သူမဆီပြေးသွားသည့်အခါ အသက်သည် တံခါးဝမှာပဲ ခွေခေါက်လဲကျသွားတော့၏။

"မင်းဘာဖြစ်လာတာလဲ"

သူ ပျော့ဖတ်ခွေခေါက်နေသော ငမွေထိုးမလေးကို ကောက်ပွေ့ချီပြီး အခန်းတံခါးကိုအရင်ပိတ်လိုက်သည်။
ဧည့်ခန်းဆိုဖာမှာပဲ ထိုကလေးမကို ချပေးလိုက်ကာမှ သူ့အင်္ကျီမှာစွန်းပေနေခဲ့သော သွေးတွေ…

"ဒဏ်ရာရထားတယ်"

ရုတ်တရက်ထူပူသွားပြီး ဆေးသေတ္တာကိုအပြေးအလွှားရှာကာ သူမအင်္ကျီကိုဆွဲပင့်ပြီး ဒဏ်ရာကို သေချာစမ်းကြည့်လိုက်သည်။
ဖြူဖြူဥဥဗိုက်သားလေးက သွေးတွေဖြင့် ညစ်ပတ်နေသလို ခါးနားမှာအပေါက်ကလေးတစ်ပေါက်ဖြစ်နေသော ဒဏ်ရာဟာ သေနဝာ်ဒဏ်ရာဖြစ်သည်။
ထိုဒဏ်ရာပေါ်သို့ အရက်ပြန်လောင်းချတော့ ညည်းသံသဲ့သဲ့ဖြင့် သူမကိုယ်လေးဆတ်ခနဲဖြစ်သွားကာ လက်ကလေးတွေက သူ့လက်ကိုဆွဲကုတ်လာသည်။

"ခဏပဲ အသက် ခဏပဲ"

"မလုပ်နဲ့"

ကယောင်ကတမ်းလား၊ တမင်ပြောသလားမသိသော ထိုစကားကြောင့် သူ ကြောင်အသွားကာ ချက်ချင်းလိုလိုသတိဝင်လာပြီး ညှပ်သေးသေးလေးဖြင့် ဒဏ်ရာထဲကိုနှိုက်ကာ ကျည်ဖူးကိုဆွဲနှုတ်လိုက်သည်။
နို့နှစ်ရောင်အင်္ကျီလေးက သွေးတွေဖြင့် မြင်မကောင်းအောင်ရှိနေကာ ရင်ဘတ်ပေါ်မှာလည်း သွေးတွေရွှဲနေ၍ အင်္ကျီချွတ်စရာမလိုအောင် ထိုနေရာကို ကတ်ကြေးဖြင့် ဝိုက်ပြီးညှပ်ထုတ်ပစ်လိုက်သည်။
ငလျှံဒဏ်ရာရလာတိုင်း သူ ကူညီပေးနေကျမို့ ကျည်ဆံထုတ်ပေးခြင်းဟာ ဘာမှမခက်ခဲသောကိစ္စမို့ သူမကိုယ်ပေါ်က ကျည်ဖူးတွေဆွဲထုတ်ပြီး ဆေးထည့်ပေးမိသည်။

"မေမေ"

"အင်း.. မင်းအမေရှိတယ်"

"နာတယ်"

ယှက်ပိတ်ထားသည့်မျက်တောင်ဖျားတွေသည် တဖြည်းဖြည်းစိုအိလာကာ မျက်ဝန်းထောင့်မှတစ်ဆင့် မျက်ရည်တစ်စက်စီးကျလာတော့ သူ အံ့ဩသွားမိ၏။
ငိုနေဝာာလား…
အမြဲတမ်းမောက်မာဝံ့ကြွားပြီး၊ နေရာတကာလက်ပါတတ်သော၊ ရိုင်းစိုင်းသော ဒီကောင်မလေးဟာ တကယ်ငိုနေတာလား…

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now