Extra 4

13.6K 342 16
                                    

💝 Extra part - 4 💝

◽◽◽◽◽

"အသက်ကလေး"

အိမ်ရှေ့မှာ ဖေဖေနဲ့အတူထိုင်နေရင်း ဦးဇွဲအသံကြားလိုက်ရတော့ အသက်ပျော်သွားမိကာ ခါးလေးမတ်ပြီး လှမ်းကြည့်မိသည်။
အသက်က ဖေဖေ့ကို အေးအေးဆေးဆေးစာဖတ်ပြချင်သောကြောင့် ထိုင်နေသောနေရာက ကားလမ်းနှင့်အနည်းငယ်လှမ်းနေ၍ ကားသံမကြားလိုက်ခြင်းဖြစ်မည်။
ဦးဇွဲက အသက်တို့ဆီကိုလျှောက်လာနေပြီး နောက်မှာတော့ မမသိမ်မွေ့လည်း ပါလာ၏။

"လားရှိုးရောက်နေတာဆိုလို့ ငါ့တူမကိုလာတွေ့တာ မြေပြန့်အထိဆို မလာနိုင်တော့ဘူးလေ"

"အသက်က ဦးဇွဲလာမယ်မထင်ထားဘူး ကလေးနဲ့အလုပ်နဲ့ ညပ်နေမယ်ထင်တာ"

"မညပ်ပါဘူး အသက်ရယ် Daddyက သူ့သားတွေအတွက်၊ အသက်တို့သားအမိတွေဆို အလုပ်ကိုပစ်ပစ်ထားခဲ့တာသိလား"

မမသိမ်မွေ့က ရယ်မောနေရင်း အသက်ဗိုက်ကလေးကို အသာလေးထိတို့ကာ မျက်နှာနုနုလေးက ပြုံးယောင်သမ်းသွား၏။
ထို့နောက် အသက်ဗိုက်ကလေးပေါ်ကို နားလေးကပ်ကြည့်ကာ…

"ဘာလေးလဲ သိရပြီလား"

"မသိရသေးဘူး မမ အခုမှ၄လကျော်ပဲရှိသေးလို့ Ultrasoundမရိုက်ရသေးတာ"

"နောက်ထပ်မင်းနေပေါက်ကလေး"

"အသက်ပေါက်ကလေးပဲလိုချင်တယ် အသက်ကမိန်းကလေးပဲရချင်တာ"

"မင်းသမီးက မင်းလိုပဲ ထက်ဘုန်းလျှံ သိပ်ကိုအမှတ်သည်းခြေကြီးတဲ့ဟာလေး"

ဦးဇွဲက ဖေဖေ့ကိုလှမ်းပြောရင်း အသက်ဆံပင်တွေကိုဆွဲဖွတော့ ဖေဖေက ပြုံးရုံသာပြုံးကာ အသက်ကိုကြည့်နေ၍ အသက် ဖေဖေ့ကိုအားနာသွားမိသည်။
ဖေဖေဟာ အသက်ကို အများကြီးမျှော်လင့်ထားခဲ့တာမဟုတ်လား…

"ရောက်တုန်း အေးအေးဆေးဆေးနေမယ်မလား"

"၂ရက်လောက်ပဲနေလို့ရမှာကွ ဟိုမှာက အကြာကြီးလွှတ်ထားလို့မရဘူး"

"မင်းလည်း အသက်ကြီးနေပြီနော် ဇွဲ.. စိတ်လျှော့ပြီးကိုယ့်အတွက်ကိုယ်ပြင်ဆင်တော့"

"မကြီးသေးပါဘူးကွာ အလတ်ကြီးပါဟ ငါ့ကလေးတွေအတွက် သေချာစီစဥ်ပေးရဦးမယ် ငယ်လေး ခရီးပမ်းလာတယ်မလား သွားနားတော့လေ
ကိုယ် ဒီကောင်နဲ့စကားပြောဦးမယ်"

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now