22

9.6K 441 29
                                    

💝 Part - 22 💝

◽◽◽◽◽

ဘဲလ်တီးလိုက်ပြီး ခဏအကြာမှာတော့ တံခါးပွင့်လာကာ ဟဲခနဲရယ်ပြသော နေနေ့ကြောင့် စိတ်အလိုမကျဖြစ်သွားကာ အထဲကိုလှမ်းကြည့်မိ၏။
ထိုအခါ ကလေးမက နှုတ်ခမ်းစူထော်သွားပြီး ခါးလေးထောက်ကာ…

"အမလေး အထဲမှာရှိပါတယ် ကဲသဲနေလိုက်တာများ အမြင်ကိုကတ်တယ်"

"ဟာ!! မဟုတ်ပါဘူး"

"ဝင်မှာဖြင့်ဝင်"

သူ ပြုံးပြလိုက်ကာအိမ်ထဲဝင်လာခဲ့ပြီး Sandwichဘူးလေးတွေကို လှမ်းပေးလိုက်တော့ နေနေက လှမ်းယူရင်းမီးဖိုခန်းကိုထွက်သွားသည်။
နာရီကိုကြည့်မိတော့ ၇နာရီခွဲတော့မှာမို့ ငလျှံ နိုးဦးမှာတော့မဟုတ်။

နေနေက Sandwichတွေကိုဘူးထဲကထုတ်ပြီး ပန်းကန်ပြားလေးတွေထဲပြောင်းထည့်ရင်း ကော်ဖီနှပ်နေကာ သူကတော့ အသက်ကိုပဲလိုက်ရှာနေမိသည်။
သူမကိုယ်တိုင်ဖျော်ပေးသော ကော်ဖီလေးလည်း သောက်ချင်မိသည်ကိုး…

"မနေ့ညက အနာက ကိုက်နေသေးလား"

"မကိုက်တော့ပါဘူး ကောင်းကောင်းအိပ်ပျော်ပါတယ် ဒီနေ့မနက်တော့ နာတယ်ပြောတယ် ဒဏ်ရာတွေ နည်းနည်းရောင်နေတာလေ"

"Aww"

"အစ်ကိုက အသေးစိပ်သိချင်နေတာနော်"

ဟု ခပ်ရိရိဆိုလာတော့ သူ ရှက်ပြုံးပြုံးမိပြီး ခေါင်းတစ်ချက်ကုတ်မိသည်။
ထိုအချိန် အသက်က ခေါင်းစည်းကြိုးလေးကိုင်ကာ မီးဖိုခန်းတံခါးဝကိုရောက်လာတော့မှ သူ့မနက်ခင်းဟာ ပြည့်စုံသွားတော့သည်။

Mickey mouseအရုပ်လေးတွေပါသော ပန်းရောင်ညဝတ်အင်္ကျီနှင့်ဘောင်းဘီလေးကို ကလေးဆန်ဆန်ဝတ်ထားပြီး မျက်နှာသစ်ထားပုံဖြင့် မျက်တောင်လေးတွေက ပူးကပ်စိုစွတ်နေ၏။
ချစ်စရာကောင်းလိုက်တဲ့ မျက်နှာလေး…

"နေ ငါ့ကိုဆံပင်စည်းပေးဦး လက်မြှောက်လို့မရလို့"

"အိုညီးကလည်း.. သမီးလက်မအားဘူး ကိုမင်းနေရာကိုစည်းခိုင်းလိုက်လေ ထပြီးစည်းပေးလိုက်စမ်းပါ ဟိုလူကြီးရယ်"

ဖျတ်ဖျတ်လူးလေးက ဒါမျိုးတော့အားကိုး
သား…
ကလေးမလေးက ငြူငြူစူစူတိုက်တွန်းလာတော့ သူ ထရပ်လိုက်မိသလို အသက်ရဲ့မျက်လုံးဝိုင်းလေးတွေလည်း သူ့ဆီရောက်လာ၏။
သို့သော် ချက်ချင်းမျက်လွှာချပစ်ကာ သူ့ရှေ့အထိရောက်လာ၍ အသက် လက်ထဲကခေါင်းစည်းကြိုးလေးကိုလှမ်းယူလိုက်သည်။

အသက်ကို အသက်လိုငြိတွယ်သူမယ်Where stories live. Discover now