Unicode
သာယာသောနေ့တစ်နေ့တွင် သုံးတန်းအရွယ်ဂျောင်ဂုတစ်ယောက် သူငယ်ချင်းတွေနဲ့ ဆရာမမရှိတုန်း ပျော်ရွင်စွာ စကားပြောနေချိန်....အတန်းပိုင်ဆရာမက ပြန်ဝင်လာပြီး ဆရာမဘေးတွင် သူတို့အရွယ်ကောင်လေးတစ်ယောက်ပါလာလေသည်။
"ကဲ...ကလေးတို့...ခနအသံတိတ်ကြ..."
ဆရာမရဲ့ ခုံကိုရိုက်ကာ ပြောသံကြောင့် စကားပြောနေသော ေကျာင်းသားအားလုံး တိတ်သွားပြီး ဆရာမပြောမည်အား နားထောင်နေကြလေသည်။
"ဒါ...ဆရာမတို့ ဒယ်ဆန်းကျောင်းကို ပြောင်းလာတဲ့ ကျောင်းသားအသစ် ကင်မ်ထယ်ယောင်းတဲ့...ေကျာင်းသားအသစ်ကို ဖေးမကူညီရမယ်နော်...ကြားလား...ကလေးတို့..."
"ဟုတ်..."
ကျောင်းသား အားလုံး တစ်ပြိုင်နက်ထဲ ပြောလိုက်လေသည်။
"သားထယ်ယောင်း ဂျောင်ဂုတို့အတန်းဘေးက အတန်းမှာ ထိုင်လိုက်နော်..."
ထယ်ယောင်းလဲ ဂျောင်ဂုက ဘယ်သူလဲ မသိလို့ရပ်နေတုန်း...လက်ထောင်ပြလာသော သူကြောင့် ထယ်ယောင်းလဲ သွားလိုက်လေသည်။
ထယ်ယောင်း ထိုင်လိုက်တဲ့ နေရာက ဂျောင်ဂုနဲ့လမ်းတစ်လမ်းခြားပါသည်။
ဂျောင်ဂုလဲ ကျောင်းသားအသစ်က အရမ်းချောပြီး ဝတ်စားတာ သပ်ရက်နေတာကြောင့် မိတ်ဆက်ရန်လုပ်လိုက်လေသည်။
" ငါ့နာမည်က ဂျွန်ဂျောင်ဂုပါ တစ်ခန်းထဲသားချင်း ခင်ခင်မင်မင်နဲ့ကြတာပေါ့..."
"အင်း..."
ဂျောင်ဂုကသာ အများကြီးပြောနေပေမဲ့ ထယ်ယောင်းဘက်က "အင်း" ဘဲပြောသောကြောင့် ဂျောင်ဂုပင် ဆက်ပြောဖို့ကို ရှိန်သွားလေသည်။
ဂျောင်ဂုလဲ ထယ်ယောင်းကို ဆက်မပြောတော့ဘဲသူငယ်ချင်းတွေ ဘက်ပြန်လှည့်ခံနီးမှ...။
"ငါ့နာမည်က ကင်မ်ထယ်ယောင်း ..."
ထယ်ယောင်းဘက်မှ မိတ်ဆက်သံ တိုးတိုးကြောင့် ဂျောင်ဂုပြုံးမိသွားပြီး...။
"အင်း...ခုမှလာတက်တော့ စာနောက်ကျနေမှာပေါ့ တစ်ခုခု နားမလည်တာ ရှိရင်ငါ့ကိုပြောနော်...ငါသိသလောက် ပြန်ရှင်းပြပေးမယ်..."
YOU ARE READING
♡❥You are my love♡❥(Completed )
RomanceYou are my love start date-17.8.2023 end date -15.9.2023 Jeon jungkook ×Kim Taehyung