🐻8🐻

1.9K 117 7
                                    

Unicode

"သားဂျွန်...ကျောင်းမသွားဘူးလား..."

"အင်း...ကျွန်တော် မတက်ချင်သေးလို့..."

"သွားလိုက်ပါ သားလေးရယ်...သားရဲ့ကျောင်းကဘတ်စကတ်ဘော နည်းပြက ဖုန်းဆက်လှမ်းခေါ်နေတယ်..."

"ဟုတ္်လား..."

"အင်း...အဲ့ဒါကြောင့် သွားလိုက်နော်သား...သားလေ့ကျင့်ရမယ်လေ..."

"အဲ့ဒါဆိုလဲ...သွားလိုက်ပါ့မယ် အိုမား..."

"မသွားချင်တဲ့ အကြောင်းပြချက်ရှိလား...သားတခုခုဖြစ်ရင် အိုမားကိုပြောနော်..."

"nae...မရှိပါဘူး...ဒီတိုင်းပျင်းလို့ မသွားဘူးပြောတာပါ...ခုသွားလိုက်ပါ့မယ်..."

ဂျောင်ဂုသည် ထယ်ယောင်း ရုပ်ရှင်ရုံသွားတဲ့နေ့က စိတ်ဆိုးပေမဲ့...သူ့ဟာ ထယ်ယောင်းအပေါ် စိတ်ဆိုးခွင့်မရှိသူ ဖြစ်တာမို့ ကိုယ့်ဟာကိုယ် ဖြေသိမ့်ကာ ကျောင်းသွားရန်သာ ဂေျာင်ဂုပြင်ဆင်လိုက်တော့သည်။

"အိုမား...ကျွန်တော်သွားပြီနော်..."

"အင်း...ဂရုစိုက်သွားနော် သားလေး..."

"nae..."

ဂျောင်ဂုရဲ့ ကားလေးသည် ကျောင်းရှေ့သို့ တဖြေးဖြေးစိုက်ရောက်လာလေသည်။

ေဂျာင်ဂုသည် ကားပေါ်က ဆင်းပြီးသည့်အလျှောက်...ဂျောင်ဂု လမ်းလျှောက်နှုန်းသည် ခါတိုင်းနေ့ထက်နှေးနေလေသည်။

မနေ့က ထယ်ယောင်းကို တစ်ယောက်ထဲ ထားခဲ့မိလို့...ထယ်ယောင်း စိတ်ဆိုးနေမှာစိုး၍ ဖြစ်သည်။

"ဂျောင်ဂု မင်းကွာ...နောက်ကျ လိုက်တာ..."

အတန်းခေါင်းဆောင်က ဂျောင်ဂုအား လှမ်းပြောလေသည်။

"အင်း...အိပ်ယာထနောက်ကျသွားလို့..."

"အင်း...ထယ်ယောင်းကော ေကျာင်းမလာဘူးလား..."

ဂျောင်ဂုလဲ ထယ်ယောင်းလာတဲ့ နေရာကို ကြည့်လိုက်တော့ ထယ်ယောင်းမရှိပေ...။

ထယ်ယောင်းက ေကျာင်းမလာဘူးပဲ...။

ဂျောင်ဂုသည် တနေကုန်နီးပါး ပျင်းရိဖွယ် ကောင်းလှသော စာသင်ချိန်ကို ဖြတ်သန်းခဲ့ရလေသည်။

♡❥You are my love♡❥(Completed )Where stories live. Discover now