Unicode
"မင်းက မီဂျင်းနဲ့ သိလို့လား ထယ်ဂျွန်း..."
"မသိပါဘူး..."
"အဲ့ဒါဆို ဘာလို့ရင်းနှီးနေသလို စကားတွေပြောနေရတာလဲ..."
"ယောင်းနဲ့ ဂျောင်ဂုခင်တုန်းက ဘယ်လိုလဲ အဲ့လိုပဲပေါ့..."
"မတူဘူး အဲ့တုန်းက ငါကဂျောင်ဂုကို ဖော်ဖော်ရွေရွေမဆက်ဆံခဲ့ဘူးလေ ...မင်းက အခု မီဂျင်းကို အရမ်းလိုက်ကပ်နေသလို ခံစားရလို့ပြောတာငါက..."
"ဒါဆို ငါတစ်ခုပြောမယ်နော်...ယောငျး..."
" ပြောလေ..."
"ယောင်းအဖေပြောင်းခိုင်းလို့ ငါUsပြောင်းရချိန်က ငါအချိန်ဆုံးသူငယ်ချင်း ဂျောင်ဂုနဲ့ခွဲခဲ့ရတယ်...ပြန်တွေ့တော့ ဂျောင်ဂုကငါ့ကို စိမ်းသွားပြီး ယောငျးကိုပိုခငျနတေယျလေ...အဲ့ဒါကျ ငါဘယ်လိုခံစားရလဲ ယောင်းမတွေးကြည့်ဘူးလား...ငါလဲလူပဲ ငါ့သူငယ်ချင်းက ငါ့ကိုပဲခင်စေချင်တာ...ဒါမဲ့မင်းကိုပိုခင်နေတဲ့ ဂျောင်ဂုကိုကော မင်းကိုကော ငါဘာပြောခဲ့လဲ...ငါဘာမှမပြောခဲ့ဘူးလေ...အဲ့လိုပဲ မီဂျင်းက ငါ့ကိုပိုခင်သွားမှာ ယောင်းကြောက်တယ်မလား...အဲ့ဒါဆို ငါ့ဘက်ကိုလဲ တွေးကြည့်ပေးအုံးလေ...ယောငျး..."
ထယ်ဂျွန်းရဲ့ စကားအရှည်ကြီးကြောင့် ထယ်ယောင်း ထယ်ဂျွန်းအား အားနာမိသွားသည်။
သူUsမသွားချင်လို့ လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာတွေကို ထယ်ဂျွန်းအား Usမှာ အာပါးကသွားသင်ခိုင်းခြင်းဖြစ်သည်။
ထယ်ဂျွန်းအဖေက ထယ်ဂျွန်းငယ်ငယ်ထဲက ဆုံးသွားတာမို့ အာပါးက ထယ်ဂျွန်းအား အမွေဆက်ခံသူအဖြစ် သိသင့်တာတွေ နိုင်ငံခြားမှာသ်စေပြီး ကိုရီးယားမှာပဲ နေချင်သော ထယ်ယောင်းကိုတော့ အဆင့်မြင့်ကျောင်းမှာသာ ထားပေးခဲ့သည်။
ထယ်ယောင်းကြောင့် ထယ်ဂျွန်းက အနစ်နာခံပေးထားတာတွေ ထယ်ယောင်းပြန်တွေးမိတော့ ထယ်ဂျွန်းကို အားနာမိသွားလေသည်။
ထယ်ဂျွန်းရဲ့ သူငယ်ချင်းကိုပါ ထယ်ယောင်းကလုခဲ့မိသည်မဟုတ်လား...။
"တောင်းပန်ပါတယ် ထယ်ဂျွန်း...မီဂျင်းကို စိတ်ပူမိသွားလို့ပါ...ငါမင်းအတွက်မတွေးပေးမိလိုက်ဘူး..."
YOU ARE READING
♡❥You are my love♡❥(Completed )
Storie d'amoreYou are my love start date-17.8.2023 end date -15.9.2023 Jeon jungkook ×Kim Taehyung