🐰5🐰

2.2K 116 23
                                    

Unicode

ထယ်ယောင်းတစ်ယောက် ဒီနေ့ကျောင်းပိတ်ရက်ဖြစ်သောကြောင့် english ကျောင်းကိုသွားပြီး မီဂျင်းကို တွေ့ရမှာမလို့ မှန်ရှေ့တွင် အပီအပြင်ကို ပြင်ဆင်နေလေသည်။

"ငါကအရမ်းချောပါလား..."

ကိုယ်လုံးပေါ်မှန်ရှေ့တွင် ခနာကိုယ်ကို တစ်ပတ်လှည့်က တီရှပ်အဖြူပေါ်ကနေ ဂျင်းကုတ်ထပ်ဝတ်ထားတာ ဂျင်းဘောင်းဘီအပွအား ဝတ်ကာ လူငယ်လေးထယ်ယောင်းမှာ အလွန်ကို ချောမောနေလေသည်။

ထယ်ယောင်းလဲ အောက်ဆင်းလာပြီး...။

"အိုမားရေ ထယ်သွားတော့မယ်နော်..."

"အင်း ဂရုစိုက်သွားနော် ထယ်လေး...အိုမားထယ်လေးပြန်လာရင် စားဖို့မုန့်လုပ်ထားမယ်..."

"nae..."

ထယ်ယောင်းလဲ ပြောကာ english ကျောင်းသို့ ထွက်လာခဲ့လိုက်လေသည်။

ထယ်ယောင်းတစ်ယောက် ကားစီးနေရင်း ပျင်းလာသောကြောင့် ပြတင်းပေါက်ကို ကြည့်လိုက်တော့ မီဂျင်းက ယွန်ဂီးနဲ့အတူ ပန်းဆိုင်တစ်ဆိုင်ထဲ ဝင်သွားတာတွေ့လိုက်သောကြောင့် ထယ်ယောင်းမျက်မှောင်ကျုတ်ကာ ဒါရိုက်ဘာကို ကားရပ်ခိုင်းလိုက်လေသည်။

ထယ်ယောင်းသည် မီဂျင်းဝင်သွားသော ဆိုင်ထဲလိုက်ဝင်လာခဲ့လေသည်။

"မီဂျင်း...မင်းက ဒီဆိုင်မှာဘာလုပ်နေတာလဲ..."

"ပန်းဆိုင်လာမှတော့ ပန်းလာဝယ်တာပေါ့ ထယ်ယောင်းရဲ့..."

"အင်းသိတယ်လေ...ဘယ်သူ့အတွက်လာဝယ်တာလဲ..."

"ဒီတိုင်းပဲ... အိုမားအတွက်လေ...ဘာလို့လဲ...အိုမားကနှင်းဆီပန်းကြိုက်တာနင်လဲသိတာပဲ..."

"အင်း...ယွန်းဂီ မင်းကကော ဘာလာဝယ်တာလဲ..."

"ငါကဘာမှမဝယ်ပါဘူး...မီဂျင်းကတစ်ယောက်ထဲဖစ်နေလို့ လိုက်ခဲ့ပေးတာ..."

"ငါအခုသူ့ကိုစောင့်ပေးလိုက်မှာမို့...မင်းပြန်လို့ရပြီ ယွန်းဂီ..."

"အင်းပြီးတာပဲ..."

ယွန်းဂီလဲရှည်ရှည်ဝေးဝေး မပြောချင်တာနဲ့ ပန်းဆိုင်ထဲက ထွက်ခဲ့လိုက်လေသည်။

♡❥You are my love♡❥(Completed )Where stories live. Discover now