Unicode
ဂျောင်ဂုတစ်ယောက် ကျောင်းခန်းထဲဝင်ဝင်ချင်း မျက်လုံးများက လွှတ်နေသေးသော ထယ်ယောင်းစာရေးခုံအား အရင်ဆုံးအကြည့်ရောက်မိလေသည်။
ထယ်ယောင်းက ကျောင်းမလာသေးတာ ဖြစ်နိုင်သောကြောင့် ဂျောင်ဂုသည် ကျောပိုးအိတ်ကို ချကာ ကန်တင်းသို့ အရင်ဆုံး ဉီးတည်သွားလေသည်။
ကန်တင်းရောက်တော့ ဂျောင်ဂုသည် ငှက်ပျောသီးနို့နှင့် စတော်ဘယ်ရီနို့ ဝယ်ကာ ကန်တင်းမှ ပြန်လာပြီး ထယ်ယောင်းစာရေးခုံပေါ်သို့
စတော်ဘယ်ရီနို့အားတင်ပြီး ငှက်ပျော်သီးနို့အားအားသူသောက်ပြီး ထယ်ယောင်းအား စောင့်နေမိသည်။မကြာခင်မှာဘဲ အခန်းထဲဝင်လာသော ထယ်ယောင်းကြောင့် ဂျောင်ဂုသည် ကျောမတ်လိုက်ပြီး ထယ်ယောင်းအား လိုက်ကြည့်လေသည်။
ထယ်ယောင်းကတော့ သူ့နေရာသူထိုင်ပြီး သူ့ခုံပေါ်က စတော်ဘယ်ရီနို့ကြောင့် ဂျောင်ဂုဘက်အား ကြည့်ပြီး...။
" ဒီဟာမင်းဟာလား..."
"မင်းအတွက် ဝယ်လာပေးတာ ထယ်ယောင်း သောက်ကြည့်အရမ်းကောင်းတယ်..."
"အင်းကျေးဇူးပါဘဲ...ဒီစတော်ဘယ်ရီနို့ကို ငါအရမ်းကြိုက်တာ..."
"တော်သေးတာပေါ့...ငါကဝယ်တာဝယ်တိုက်တာ...မင်းမကြိုက်မှာစိုးရိမ်နေတာ..."
"ကြိုက်တယ်...ကျေးဇူးပါပဲ...ငါတို့သူငယ်ချင်းလုပ်ကြမလား..."
ထယ်ယောင်းဘက်က သူငယ်ချင်းလုပ်ကြမလားမေးတော့ ဂျောင်ဂုအရမ်းပျော်သွားပြီး ခေါင်းတငြိမိ့ငြိမ့်နဲ့... ။
"အင်း...လုပ်မယ်...ငါကအမြဲ စတော်ဘယ်ရီနို့ မနက်တိုင်းဝယ်တိုက်မယ်..."
"ငါက အလကားရတာ အကုန်သောက်တယ်လေ...ဟားဟား... "
စကားပြောနေရင်း မနေ့ကလိုမျက်နှာတည်နဲ့ မဟုတ်တော့ဘဲ လေးထောင့်ဆန်ဆန် အပြုံးလေးနဲ့ရီကာ ပြောလိုက်သော ထယ်ယောင်းကြောင့် ငယ်ရွယ်သော ဂျောင်ဂုနှလုံးသားလေးမှာ ထယ်ယောင်းအပြုံးကြောင့် စတင်ခုန်ပေါက်လာလေသည်။
"အင်း...ငါကမင်းအတွက် အလကားအမြဲတိုက်မယ်..."
"အင်း...မင်းက ခင်ဖို့ကောင်းတာပဲ..."
YOU ARE READING
♡❥You are my love♡❥(Completed )
Любовные романыYou are my love start date-17.8.2023 end date -15.9.2023 Jeon jungkook ×Kim Taehyung