Unicode
"ယောင်း...ကျောင်းတူတူသွားရအောင်..."
ထယ်ဂျွန်းပြောင်းမဲ့ အိမ်သစ်က ဆောက်လို့မပြီးခင် ထယ်ဂျွန်းက ပြန်လာလိုက်သောကြောင့် ထယ်ယောင်းအိမ်မှာသာ ခနနေရန် ဆုံးဖြတ်ထားလေသည်။
"အင်း ငါပြီးတော့မယ်ခန... "
ထယ်ယောင်းအခန်းရှေ့ရောက်နေသော ထယ်ဂျွန်းတစ်ယောက်.ထယ်ယောင်းအသံကြောင့် တံခါးဖွင့်ကာ ထယ်ယောင်းအခန်းထဲ ဝင်လိုက်တော့ ထယ်ယောင်း ကုတင်ဘေးက နံရံမှာ လူတစ်ရပ်စာအရပ်ရှိတဲ့ ထယ်ယောင်းနဲ့ဂျောင်ဂုရဲ့ ဖက်ရိုက်ထားတဲ့ပုံကြောင့် ထယ်ဂျွန်းသည် ထယ်ယောင်း ကိုကျော်ကာ ဓာတ်ပုံဘောင်အကြီးကြီးနား သွားလိုက်လေသည်။
"မိုက်လိုက်တာ...ေယာင်း..."
"အင်း နှစ်ခုရှိတာအဲ့ဒါက..."
"နောက်တစ်ခုကကော..."
ယောင်းသည် သူ့ဖုန်းအား ဖွင့်ကာ ဓာတ်ပုံတစ်ပုံအားပြလေသည်။
ထိုပုံတွင် ဂျောင်ဂုသည် ဓာတ်ပုံဘောင်ကြီးဘေးတွင် ပြုံးရယ်ကာ ရိုက်ထားသောပုံ ဖြစ်နေလေသည်။
"ဒါဆို နောက်တစ်ခုက ဂျောင်ဂုစီမှာပေါ့..."
"ဟုတ်တယ်လေ...ငါတို့နှစ်ယောက်ပုံပါဆို...ငါတို့နှစ်ယောက်မှာပဲ ရှိနေသင့်တာမဟုတ်ဘူးလား..."
"အင်းဟုတ်ပါတယ်..."
ထယ်ဂျွန်းသည် ထိုဓာတ်ပုံအား ပြန်ကြည့်ကာ...သူသာ Usကုိမပြောင်းသွားခဲ့ရင် အခုလိုယောင်းနေက သူဖြစ်နေလောက်တယ်မလား...။
ထယ်ဂျွန်းသည် Usကုိ ထယ်ယောင်းတို့ကြောင့် သွားရတာကို ပြန်တွေးမိပြီး သက်ပြင်းချလိုက်မိလေသည်။
အခုပဲဖြစ်ဖြစ် ဂျောင်ဂုရဲ့ သူငယ်ချင်းဖြစ်ဖို့က နောက်မကျလောက်သေးဘူးမလား?...။
"ဘာရပ်လုပ်နေတာလဲ...မသွားသေးဘူးလား...ထယ်ဂျွန်း..."
"အင်း သွားရအောင် ယောင်းလေး..."
ထယ်ယောင်းနဲ့ထယ်ဂျွန်းလဲ ဒါရိုက်ဘာနဲ့အတူ ကျောင်းသို့ ရောက်လာကြလေသည်။
ထယ်ဂျွန်းကလဲ ထယ်ယောင်းတို့ အခန်းထဲကပဲမို့ အခန်းထဲဝင်ဝင်ချင်း...။
YOU ARE READING
♡❥You are my love♡❥(Completed )
RomanceYou are my love start date-17.8.2023 end date -15.9.2023 Jeon jungkook ×Kim Taehyung