🐰3🐰

2.7K 146 24
                                    

Unicode

ဂျောင်ဂုလဲ ဖူးယောင်နေသော ထယ်ယောင်းမျက်နှာကြောင့် ထယ်ယောင်းအား ဆရာမတွေရောက်မလာခင် ထယ်ယောင်းလက်ကို ဆွဲကာ လူအုပ်ကြားထဲမှ တိုးကာ အမြန်ထွက်လာရလေသည်။

ထယ်ယောင်းအား ဂျောင်ဂုသည် ကျောင်းဆောင်အနောက်ဘက်က ချယ်ရီပင်အောက်က ခုံတန်းသို့ခေါ်လာလေသည်။

နွေဉီးမို့ ချယ်ရီပန်းများဝေဆာနေကာ အရာရာဟာ လှပပြီး အေးချမ်းဖွယ်ကောင်းလှသည်။

ထိုသို့အရာရာအေးချမ်းနေသောလည်း ဂျောင်ဂု၏ ရင်ထဲတွင်တော့ မအေးချမ်းနိုင်ဖြစ်နေတာကို ဂျောင်ဂုသာသိပါသည်။

"ထယ်ယောင်း...မင်းကွာ...ကျောင်းပြောင်းတာ ဘယ်နှစ်ရက်မှမရှိသေး ရုံးခန်းသွားရတော့မယ်..."

"ဂျောင်ဂုမင်းစိတ်ပူပေးတာ နားလည်ပေမဲ့ သူတို့ကိုအဲ့လိုမလုပ်ရင် ငါ့ကိုအနိုင်ကျင့်မှာလေ..."

"အင်းအဲ့ဒါကြောင့် နောက်ဆိုတစ်ခုခုဖြစ်ရင် ငါ့ကိုပြော ငါလိုက်ရှင်းပေးမယ်..."

"မင်းက ငါ့အဖေလား..."

"ဟမ်..."

"ငါတစ်ခုခု...ဖြစ်ရင်လိုက်ရှင်းပေးမယ် ပြောလို့လေ...."

"အော်....အဲ့ဒါက..."

ဂျောင်ဂုတစ်ယောက်  သူပြောမိတာကို သူပြန်ရှက်ကာ လည်ဂုတ်အား ပွတ်နေကာ ထယ်ယောင်းအား ဘာမှပင်ပြန်မပြောနိုင်...။

"ခုဘယ်လိုလုပ်မလဲ ရုံးခန်းသွားရတော့မယ်...ထင်တယ်..."

"အေးဆေးပေါ့... အိုမားနဲ့အာပါးရှိတာလဲ လိုက်လာပေးလိမ့်မယ်..."

"ကောင်းသားပဲ...ငါ့အိုမားကတော့...ကိုယ်ဖြစ်ကိုယ်ရှင်းဆိုတာဘဲ...ငါကတော့မလိုက်ပေနိုင်ဘူးဆိုပြီးပြောတာ..."

"ငါ့အိုမားကတော့ ငါမခံလာရရင်ရပြီး ထိုးလာခဲ့တဲ့..."

" ဝါးး...မင်းအိုမားက အရမ်းမိုက်တာဘဲ..."

"အင်း နောက်နေ့ကျ မင်းနဲ့မိတ်ဆက်ပေးမယ်..."

"ဖြစ်ပါ့မလား..."

"မင်းက လူရိုးလေးဘဲလေ ဖြစ်ပါတယ်...ဟားဟား... "

"အင်းပါ မင်းအဆင်ပြေရင်ပြီးတာဘဲ..."

♡❥You are my love♡❥(Completed )Where stories live. Discover now