Unicode
"ဂျောင်ဂု...မင်းဒီနေ့ ဘတ်စကတ်ဘော ကစားရမှာမလား..."
"ဟုတ်တယ်...ထယ်ယောင်း ခုသွားတော့မလို့လေ..."
"အင်း...သေချာဆော့ ငါလာကြည့်မယ်..."
" အင်း...အဲ့ဒါဆို ခနနေပွဲစမှာမို့ ကိုယ့်ဘာသာလာလိုက်နော်...ထယ်ယောင်း..."
"အင်း..."
ဂျောင်ဂုလဲ ကျောင်းဝတ်စုံလဲရင် ကျောင်းကအဝတ်လဲခန်းဘက်မှာ အဝတ်လဲရင်း locker ထဲမှာထည့်ထားသော ထယ်ယောင်းပုံအား ကြည့်ကာ ပြုံးမိလေသည်။
ဘယ်နေရာမှာမဆို အဆောင်သဖွယ် ဆောင်ထားလေ့ရှိတဲ့ ထယ်ယောင်း ပုံလေးတွေက ဘယ်ချိန်ကြည့်ကြည့် ဂျောင်ဂုအတွက်ရိုးအီသွားချင်းမရှိပေ...။
"ဂျောင်ဂုရေ...ပွဲစတော့မယ်...လာတော့ဟေ့..."
ဂျောင်ဂုကို အသင်းသားတစ်ယောက်က လာခေါ်သဖြင့် ေဂျာင်ဂုလဲ ထယ်ယောင်းပုံအား lockerထဲပြန်ထည့်သိမ်းကာ ဘတ်စကတ်ဘောကွင်းသို့ ထွက်လာလိုက်လေသည်။
"ဂျောင်ဂု... ဖိုက်တင်း..."
ထယ်ယောင်းက ေဂျာင်ဂုနားရောက်လာကာ ပြောလာသောကြောင့် ဂျောင်ဂုနှုတ်ခမ်းများပြုံးသွားလေသည်။
ဂျောင်ဂုတို့အသင်းက တသ်ဖက်အသင်းကို အပြတ်အသတ်နိုင်ခဲ့သော်လည်း...ငြင်းနေသော တစ်ဖက်ကကောင်ကြောင့် ဂျောင်ဂုဆွဲထိုးမိရာမှာ
ဘတ်စကတ်ဘောကွင်းထဲတွင် ရန်ပွဲဖြစ်သွားလေသည်။"ဂျောင်ဂု... တော်တော့ သွားရအောင်နော်..."
အရှေ့က ရန်ဖြစ်နေသော ဂျောင်ဂုအား မည်သူ့မှ ဝင်မဆွဲရဲသဖြင့် ထယ်ယောင်းကသာ ဂျောင်ဂုခါးအား အနောက်ကနေဖက်ကာ ဝင်ဆွဲလေသည်။
ဂျောင်ဂုထပ်ထိုးဖု့ိ လုပ်ပေမဲ့ ထယ်ယောင်းလာဆွဲတာကို ထယ်ယောင်းဆွတ်နေကြ ရေမွှေးရထဲကသိလိုက်ပါသည်။
ထယ်ယောင်းနေရာမှာ အခြားလူဆို လာဆွဲလို့ ဆွဲထိုးမိမှာဆိုပေမဲ့ ထယ်ယောင်းဖြစ်နေသောကြောင့် စိတ်လျော့ကာ ထယ်ယောင်းခေါ်ဆောင်ရာ နောက်သို့သာ လိုက်လာလိုက်ရသည်။
"ဘာလို့ရန်ဖစ်ရတာလဲ..."
"မင်းသိပါတယ်...သူတို့ဘက်က ညစ်နေတာကို..."
YOU ARE READING
♡❥You are my love♡❥(Completed )
RomanceYou are my love start date-17.8.2023 end date -15.9.2023 Jeon jungkook ×Kim Taehyung