🐻14🐻

2.1K 104 2
                                    

Unicode

"ဂျောင်ဂု...ခါးနာတယ်..."

"ဟမ်...ဘယ်လိုဖြစ်တာတုန်း..."

"ချော်ကျတာရေချိုးခန်းထဲ..."

"ဒီဆေးရုံအစုတ်ပလုတ်ကတော့ကွာ...ကျစ်...ငါသွားပြောမယ်..."

" ဟင့်အင်းထားလိုက် ငါနမော်နမဲ့နိုင်လို့ဖြစ်တာပဲ..."

" ဘယ်နားထိသွားသေးလဲပြ...ညနေကဆေးရုံဆင်းရတော့မှာကို..."

ထယ်ယောင်းလဲ အကျီအား အပေါ်ဆွဲတင်ကာ ခါးနားအားပြလေသည်။

အသားရေဖြူဖြူနုနုလေးမှာ အညိုမဲကွက်ကြီး ထနေသောကြောင့် ဂျောင်ဂုစိတ်မကောင်းဖြစ်သွားရသည်။

ေဂျာင်ဂုသည် ထယ်ယောင်း ခါးအားဖွဖွလေး ကိုင်လိုက်လေသည်။

"အရမ်းနာသွားမှာပဲ သတိလေးဘာလေးလဲ ထားလေကွာ..."

"အာ့...နာပါတယ်ဆို ဖိမနေနဲ့ ဆေးလိမ်းပေးစရာရှိ လိမ်းပေး...ငါဒီညနေ ဆေးရုံဆင်းရမှဖြစ်မယ်...ကျောင်းပျက်တာတွေလဲ များနေပြီ...မင်းကောပဲ ကျောင်းမတက်တာ သုံးရက်လောက်ရှိပြီမလား..."

"ထားပါကွာ ကျောင်းကအရေးမကြီးဘူး မင်းကအရေးကြီးတယ်..."

ဂျောင်ဂုကပြောပြီးသည်နှင့် ထယ်ယောင်းခါးကအညိုကွက်အား ဆေးထည့်ပေးလေသည်။

ထယ်ယောင်းကတော့ ဂျောင်ဂုလုပ်သမျှထိုင်ကြည့်နေလေသည်။

"ငါချောတာ ငါသိပါတယ်...အဲ့လောက်မကြည့်ပါနဲ့..."

"အင်း...မင်းကအရမ်းချောတယ်..."

"အတည်လား..."

"ဟုတ်တယ်လေ မင်းမှာချို့ယွင်းချက်ဆိုတာလဲ မရှိဘူးလေ မင်းကအရမ်းလဲတော်သလို ချောလဲချောတယ်..."

"ထယ်ယောင်း..."

"ဘာလဲ..."

"ငါ့ပါးကိုရိုက်ကြည့်ပါလား အိမ်မက်ထင်တယ်..."

"ရားရူးနေလား..."

" အင်းရူးနေပြီ မင်းစီက ငါချောကြောင်းခုမှ ကြားဖူးတော့ အိမ်မက်ထင်သွားတာ..."

"အရူးကောင်..."

"အဲ့အရူးက မင်းအချစ်ဆုံးသူလေ..."

♡❥You are my love♡❥(Completed )Where stories live. Discover now