🐻4🐻

2.3K 124 13
                                    

Unicode

"ထယ်ယောင်း...ထယ်ယောင်း...ထတော့...ဆရာမဝင်တော့မှာ..."

ထယ်ယောင်းတစ်ယောက် ညကမီဂျင်းနဲ့ညလုံးပေါက်စကားပြောပြီး မနက်ကျမထနိုင်သောကြောင့် စာသင်ချိန်မှာ အိပ်နေသောကြောင့်ဖြစ်သည်။

"သိတယ်လို့..."

"သိရင်ထတော့ကွာ...ဆရာမဝင်လာရင် ဆူခံရမယ်..."

"ခုမလာသေးဘူးလေ ဂျောင်ဂုရာ...လာမှနိုး...အိုကေ..."

ပြောပြီး ပြန်အိပ်သွားပါသော ထယ်ယောင်းကြောင့် ဂျောင်ဂုသက်ပြင်းချကာ မှောက်အိပ်နေသော ထယ်ယောင်းအား ကြည့်နေလေသည်။

ကြည့်နေရင်း ဆရာမဝင်လာတာ ဂျောင်ဂုတွေ့တော့ ထယ်ယောင်းအား လှုပ်ရမ်းကာ နိုးလိုက်လေသည်။

"ထယ်ယောင်း...ဆရာမလာပြီ ထတော့..."

"ဟာ...ခုနလဲအဲ့လိုဘဲနိုးတာဘဲ..."

ထယ်ယောင်းသည် ဂျောင်ဂုစကားအား နည်းနည်းလေးမှ နားမထောင်ပေ....။
ဆက်အိပ်နေသောကြောင့် အခန်းထဲဝင်လာသော ဆရာမက ထယ်ယောင်းအား အပြစ်ပေးလေသည်။

"ဒါကျောင်း...မင်းအိပ်ဖို့နေရာမဟုတ်ဘူး...ငါလာမဲ့အချိန်မှာ အိပ်တာမကြိုက်တာ မင်းသိသားပဲ...အခုငါကိုမခန့်မလေးစားလုပ်လို့ ဘောလုံးကွင်းကို ငါးပတ်ပတ်ပြေး...အချောင်ခိုမယ် မစဉ်းစားနဲ့နော် ငါဒီကနေ လှမ်းကြည့်နေမှာ...အရမ်းအိပ်ချင်နေတယ်မလား ....ဘောလုံးကွင်းပတ်ပြေးလိုက် အိပ်ချင်ပါ ပြေသွားမယ်...အခုထွက်သွားအခန်းထဲက..."

အပေါက်ဆိုးသော ဆရာမနဲ့မှ တိုးတော့လဲ ထယ်ယောင်းတစ်ယောက် ဘောလုံးကွင်း ပတ်ပြေးရန်သာ ထလိုက်လေသည်။

ေဘးကဂျောင်ဂုကိုကြည့်လိုက်တော့ ထယ်ယောင်းအား မျက်နှာညိုးငယ်စွာကြည့်နေလေသည်။

ထယ်ယောင်းလဲ ဂျောင်ဂုပခုံးကိုပုတ်ကာ အဆင်ပြေကြောင်း ပြောပြီး အခန်းထဲက ထွက်သွားလေသည်။

ဂျောင်ဂုကတော့ ထယ်ယောင်း ကျောပင်ကိုကြည့်ကာ သက်ပြင်းချမိလေသည်။
နဂုိထဲက ပိန်လှသော ခနာကိုယ်ကြောင့် လေ့ကျင့်ခန်းတောင်မလုပ်တဲ့ ထယ်ယောင်းအတွက် ဘောလုံးကွင်းကို ငါးပတ်ပတ်ပြေးခိုင်းတာက ဂျောင်ဂုအတွက်တော့ မဖြုံပေမဲ့ ထယ်ယောင်းအတွက်တော့ များလွန်းလှတဲ့ အပြစ်ပေးနည်းဖြစ်သည်။

♡❥You are my love♡❥(Completed )Where stories live. Discover now