🐰15🐰

2.2K 120 18
                                    

Unicode

"မီဂျင်း..."

"ပြောထယ်ယောင်း..."

"ဂျွန်ဂျောင်ဂုက ထယ်ဂျွန်းကိုကြိုက်နေတာတဲ့..."

မီဂျင်းသည် သူမအရှေ့က ထယ်ယောင်းကို ကြည့်ကာ ခေါင်းခါလိုက်မိသည်။

ထယ်ယောင်းနဲ့မီဂျင်း စေ့စပ်မယ်ဆိုတာက အလိမ်အညာတစ်ခုသာ ဖြစ်ပြီး ေဂျာင်ဂုစိတ်ကို စမ်းသပ်ဖို့သာဖြစ်သည်။

ဂျောင်ဂုသည် ထယ်ယောင်းကို အရင်ထဲက ကြုိက်နေမှန်း မီဂျင်းသိသော်လဲ သူမသူငယ်ချင်း ငတုံးလေးက မသိပေ...။

ထယ်ယောင်းကလဲ လူပျိုဖြစ်ကာစ အရွယ်မှာ သူမကိုချစ်ရေးဆိုဖူးပေမဲ့ စိတ်ကစားခြင်း ဖြစ်​ကြောင်းသူမ သေချာရှင်းပြလိုက်သောကြောင့် ထယ်ယောင်းက နားလည်သွားသော်လည်း ထယ်ယောင်းကလဲ ဂျောင်ဂုကိုချစ်နေပေမဲ့ သူမကို ကြုိက်နေတာကို ဂျောင်ဂုရှေ့ခနခနပြောထားသောကြောင့် ဂျောင်ဂုအား မချစ်ချင်ယောင်ဆောင်ဆောင်နေပေမဲ့...ဟိုက သူမ...ချစ်သူ ထယ်ဂျွန်းကို ကြုိက်နေပါတယ် ပြောလိုက်တော့...ထယ်ယောင်းတစ်ယောက် နေမထိထိုင်မထိ ဖြစ်ပြီး တညလုံး ရေချိုးခန်းထဲက ရေပန်းအောက်ငိုနေခြင်းကြောင့် အဖျားကြီးပြီး ဆေးရုံတက်ရခြင်းဖြစ်သည်။

ထယ်ယောင်းသာ ထယ်ဂျွန်းက မီဂျင်းချစ်သူမှန်းသိရင် သူ့ညီကိုအပိုင်ကျန်တယ်ပြောမလား...ပြောလဲမတက်နိုင်ပါ ထယ်ယောင်းက သူမကိုသူ့ညီနဲ့ သဘောတူလောက်ပါရဲ့...။

မီဂျင်းသည် အရှေ့က ခပ်တုံးတုံး သူမ၏ သူငယ်ချင်းအား စိုက်ကြည့်ကာ တွေးနေမိသည်။

"အော်...ဟုတ်လား..."

"အင်း...အဲ့ကောင်မကောင်းဘူး...ငါကို့ထားခဲ့တော့မှာ..."

"ေအာ်...ဒီလောက် ငြိုငြင်အောင် မဟုတ်ကဟုတ်က စကားတွေပြောတဲ့ နင့်ကို ဟိုကသူငယ်ချင်း ဆက်လုပ်နေတာပဲ ကျေးဇူးတင် ကင်မ်ထယ်ယောင်း...ကြိုက်ရင် ဖွင့်ပြောလိုက်လေ နင်လဲယော်ကျားလေး သူလဲယော်ကျားလေးပဲ နှစ်နာစရာမရှိပါဘူး...ပြီးတော့ နင်အရမ်းဆိုးခဲ့တာ နင်သိနော်...ဂျောင်ဂုမှာသနားပါတယ်..."

"ရားးး...ငါကကော သူဖွင့်ပြောတာလိုချင်ခဲ့တာ...အဲ့ဒါငါ့အပြစ်မှမဟုတ်ပဲ..."

♡❥You are my love♡❥(Completed )Where stories live. Discover now