Chapter 1.1

3.1K 112 10
                                    


ညနက်နက်တွင် အားလုံးတိတ်ဆိတ်နေသည်။

ချီဟွမ်သည် မန်ဟွနောက်ဆုံးဘောင်ကိုအဆုံးသတ်ဆွဲပြီး ‌အရောင်ဖြည့်ကာပြင်ဆင်ပြီးနောက် စိတ်ကျေနပ်စွာနဲ့ကျောဆန့်လိုက်သည်။

မူလက သူမနောက်ကျတဲ့အထိမနေချင်ခဲ့ပေမဲ့ ဇာတ်လမ်းအဆုံးသတ်ကိုရောက်နေပြီဆိုမှတော့ တစ်ထိုင်တည်းအပြီးသတ်လိုက်နိုင်တယ်လို့ တွေးခဲ့သည်။ ရုတ်တရက်ကြီး သုံးနာရီထိုးသွားဖို့ မမျှော်လင့်ထားခဲ့ပေ။ ချီဟွမ် အယ်ဒီတာဆီဖိုင်ပို့လိုက်ပြီး ထားရစ်ခဲ့လိုက်သည်။

နောက်တစ်နေ့တွင် ကျန်းရွေ့ရှရဲ့‌ဖုန်းခေါ်သံကြောင့် မနိုးလာခင်ဆယ့်တစ်နာရီထိုးတဲ့အထိ အိပ်ပစ်လိုက်သည်။

" ဟဲလို? ရှရှ"
ချီဟွမ့်အသံသည်ဗလုံးဗထွေးဖြစ်နေပြီး မနိုးသေးတဲ့အသံပေါက်နေသည်။

ကျန်းရွေ့ရှ ချက်ချင်းကြားလိုက်ပြီး ကူရာမဲ့စွာမေးလိုက်သည်။
" မနေ့ညကမန်ဟွဆွဲဖို့ညနက်တဲ့ထိနေခဲ့တာလား?"

ချီဟွမ်သန်းဝေကာ အိပ်ရာပေါ်မှာနောက်တစ်ကြိမ်လူးလှိမ့်ပြီး ပြန်ဖြေလိုက်သည်။
" ဇာတ်သိမ်းပိုင်းဖြစ်သွားလို့လေ ဒါကြောင့်ငါပြီးအောင်ဆွဲပြီးမှနားမယ်လို့တွေးလိုက်တာ ဒီလောက်ညနက်မှပြီးမယ်လို့မထင်ထားခဲ့ဘူးလေ"

ကျန်းရွေ့ရှ ပြောစရာစကားပျောက်ရှသွားသည်။
" ငါနင့်ကိုညနက်မှမအိပ်ပါနဲ့ပြောတာကိုတောင် နားမထောင်ဘူး ညနက်မှအိပ်တာကနင့်ကိုရုပ်ဆိုးစေလိမ့်မယ်ဟဲ့"

ချီဟွမ် တခဏနှုတ်ဆိတ်သွားပြီး ပါးပြင်လေးကိုပုတ်လိုက်သည်။
" ငါအခုထိအရမ်းလှနေသေးသလိုပဲရော"

သူမရဲ့တစ်ကိုယ်ကောင်းစကားတွေကို ကျန်းရွေ့ရှအဖက်မလုပ်ပဲ ပြောလိုက်သည်။
" ပြီးရင်ငါနင့်အိမ်လာခဲ့မယ် နင်ဆေးကြောသန့်စင်ထားတာပိုကောင်းမယ် ပြီးရင်ငါနဲ့နေ့လည်စာအတူစား"

" ရှရှ ငါနင့်ကိုအချစ်ဆုံးပဲသိလား?"
ကျန်းရွေ့ရှနေ့လည်စာယူလာမယ်ဆိုတဲ့စကားကြားပြီးနောက် ချီဟွမ်ရဲ့အားမရှိတဲ့အသံမှာ အားအင်အနည်းငယ်ပိုရသွားသည်။

ထိန်းချုပ်မရတဲ့အချစ်မီးWhere stories live. Discover now