Chapter 3.2

471 51 7
                                    


ယဲ့စုန့်လန်ထွက်သွားတာကြောင့် ချီဟွမ့်မှာအနည်းငယ်အံဩနေတုန်းပဲ။ ဒါပေမဲ့ နှလုံးသားကြီးတဲ့ချွီကျန်းရှန်ကတော့ ထမင်းစားပွဲမှာထိုင်ပြီး မနက်စာစစားနေပြီ။

သူကကောက်ကာငင်ကာထပြောတယ်။
" ဒီမနက်စာကဒေါ်လေးလန်ဝယ်လာတာ မင်းငါ့အပေါ်ထမင်းတစ်နပ်အကြွေးတင်နေတုန်းပဲ"

ချီဟွမ်သည်အတွေးခန်းဖွင့်ရင်း ထိုနေရာမှာရပ်နေချိန်တွင် ဒါကိုကြားလိုက်ရသည်။ သူမအနည်းငယ်ပြောစရာစကားပျောက်ရှသွားတယ်။
" ငါ့အမေဝယ်ခဲ့ပေးတဲ့မနက်စာက ငါ့ဟာလို့တွက်လို့မရဘူးလား?"

ချွီကျန်းရှန်မျက်လုံးတွေအနည်းငယ်ပင့်ကာ အေးအေးလူလူအသံနဲ့ပြောလိုက်သည်။
" မဟုတ်ရင် ငါဒေါ်လေးလန်ဆီဖုန်းခေါ်ပြီး မနေ့ညကနင်မူးနေတုန်းပြောခဲ့တာတွေကို ပြောပြလိုက်ရင်ရော"

ချီဟွမ်ဒေါသထွက်လွန်းလို့ သူ့ပါးစပ်ထဲဘန်းမုန့်တစ်ခုဆို့ပေးလိုက်သည်။
" နင့်မနက်စာကိုသာစား အဲ့ဒီတစ်နပ်ကိုငါ့ဆီအရင်အကြွေးမှတ်ထားလိုက်!"

ချွီကျန်းရှန်မျက်ခုံးတွေကွေးသွားပြီး အကြောင်းမဲ့ပြုံးလိုက်သည်။

ထိုအချိန်မှာ ချီဟွမ့်ဗိုက်ထဲတဂွီဂွီမြည်လာတယ်။ သူမခုထိမနက်စာမစားရသေးတာကို  သတိရလိုက်သည်။ ထို့ကြောင့် ချွီကျန်းရှန်အရင်ဖြည့်တာ မခံနိုင်ဘူး။ သူမစားရအုံးမယ်။

ယဲ့စုန့်လန်ကမနက်စာတွေအများကြီးဝယ်ခဲ့သည်။ သူမအမေကသူမကို ဝက်တစ်ကောင်လိုသဘောထားတယ်လို့ ချီဟွမ့်မှာသံသယဖြစ်စရာ အကြောင်းရင်းရှိတယ်။ ဒါကသုံးယောက်စာလုံလောက်တာ အသိသာကြီးရယ်။

စားသောက်နေချိန်တွင် စားပွဲသည်အတန်ကြာတိတ်ဆိတ်နေခဲ့သည်။

အနီမှတ်တွေကတအားသိသာနေတာကြောင့် ချွီကျန်းရှန်လည်ပင်းကို ချီဟွမ်ကြည့်လိုက်မိတဲ့အထိပင်။ သူမခုနကစိတ်ရှုပ်ထွေးနေခဲ့လို့ အသေးစိတ်မေးဖို့အချိန်မရလိုက်ဘူး။ ပြီးတော့ ချွီကျန်းရှန်ကမဖြေခဲ့တာကြောင့် သူမပိုပြီးသိလိုစိတ်ပြင်းပြလာတယ်။

" နင်အလုပ်ကိစ္စခရီးသွားတာမဟုတ်ဘူးလား?"
ချီဟွမ်ခန့်မှန်းကြည့်လိုက်သည်။
" တစ်လက်စတည်းနင့်ချစ်သူလေးကိုပါသွားတွေ့ခဲ့လို့ သူကနင့်လည်ပင်းပေါ်မှာအနီမှတ်ချန်ခဲ့တာလား?"

ထိန်းချုပ်မရတဲ့အချစ်မီးWhere stories live. Discover now