ချီဟွမ် ချွီကျန်းရှန်လက်ထဲကဆေးမှတ်တမ်းကို ဘာမှမတွေးပဲဆတ်ခနဲဆွဲလုယူလိုက်ပြီးမှ ဖတ်ဖို့လှန်လှောဖွင့်လိုက်သည်။ဒီနေ့ကျန်းရွေ့ရှကဆေးမှတ်တမ်းယူလာပေးချိန်မှာ သူမသေချာမဖတ်ခဲ့ပေ။ ပထမဆုံးအနေနဲ့ သူမကျန်းရွေ့ရှကိုယုံလို့ရယ် ဒုတိယက မှတ်တမ်းအကြောင်းအရာကအရမ်းရှုပ်ထွေးလွန်းပြီး ခေါင်းကိုက်စရာကောင်းတဲ့ပုံပဲလို့ သူမတွေးတာကြောင့်ပင်။
ဒီလူကသူမကိုဒီလိုမျိုးလှည့်စားနေတာ ဘယ်သူကသိမှာလဲ?
သူမခေါင်းလေးငုံ့သွားပြီး ဘာမှပြန်မပြေလာတာကို ချွီကျန်းရှန်မြင်လိုက်ချိန်တွင် အသာယာရယ်မောလိုက်သည်။
" ဟွမ်ဟွမ် မင်းမျက်နှာပေါ်ကမိတ်ကပ်ကတကယ့်ကိုရုပ်ဆိုးတယ်"ချီဟွမ်: .....
သူမပေါ်သွားပြီဆိုသည့်အတွက် သူမဘာသာပဲလက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ အိတ်ထဲမှသဘောတူညီချက်တစ်ခု ထုတ်ယူပြီး ချွီကျန်းရှန့်အရှေ့ရိုက်ချလိုက်သည်။
" ဒီမှာလက်မှတ်ထိုးပြီး နင့်ဘက်ကစိတ်ဆန္ဒအလျောက်စေ့စပ်ပွဲဖျက်သိမ်းတာပါလို့ပြော ဒါကိုငါ့မိဘတွေဆီပြန်ယူသွားမယ် ပြီးရင်ဒါကပြီးဆုံးသွားလိမ့်မယ်"သူကအရှေ့ဘက်ကိုပျင်းရိပျင်းတွဲမှီလိုက်ပြီး အေးအေးလူလူလေသံဖြင့်ပြောသည်။
" နိုးပါ ငါလက်မှတ်မထိုးပေးဘူး"ချီဟွမ် အံကြိတ်ပြီး သူ့ကိုခြိမ်းခြောက်လိုက်သည်။
" နင်လက်မှတ်မထိုးရင် နင်အလုပ်လုပ်လို့မရအောင် အခုချိန်ကစပြီးနင့်ရုံးခန်းကို ငါနေ့တိုင်းလာမှာနော်"ချွီကျန်းရှန်မျက်ခုံးအဖျားလေးပင့်တတ်သွားသည်။
" လုပ်လိုက်လေ မင်းကိုကြိုဆိုတာထက်တောင်ပိုသေး အဲ့ဒီအချိန်ကျရင် မင်းကိုငါ့အလုပ်တွေကိုလာကြီးကြပ်ပေးတဲ့ ငါ့ရဲ့စေ့စပ်ထားသူအဖြစ် ကုမ္ပဏ်ီမှာတရားဝင်မိတ်ဆက်ပေးမယ်"ချီဟွမ်: ......
ခွေးကောင်ကတော့ခွေးကောင်ပဲ...
သူမကချဉ်းကပ်မှုအသစ်အကြောင်းစဉ်းစားနေရာ ချွီကျန်းရှန်ထရပ်ပြီး သူမအနားလျှောက်လာတာကို သတိမထားလိုက်မိပေ။ သူမအနားရောက်လာတဲ့ လူရိပ်တစ်ခုကိုခံစားမိလိုက်ချိန်တွင် ဆတ်ခနဲမော့ကြည့်လိုက်သည်။
" နင်ဘာလုပ်နေတာလဲ?"

YOU ARE READING
ထိန်းချုပ်မရတဲ့အချစ်မီး
Romanceချီဟွမ်နဲ့ချွီကျန့်ရှန်းသည်ကလေးဘဝတည်းကအတူတူကြီးပြင်းလာခဲ့ကြပြီး ချွီကျန့်ရှန်းမှာဖျော်ဖြေရေးနယ်ပယ်က မည့်သည့်အမျိုးသားကြယ်ပွင့်ထက်မဆိုချောမောခန်ညားသည့် မျက်နှာလေးရှိတယ်ဆိုရင်တောင် သူမသည်သူနဲ့ပတ်သတ်ပြီး တခြားအတွေးတစိုးတစိမှလုံးဝမရှိခဲ့ပေ။ သူမအဖိုးတိ...