တုံ့ဆိုင်းခြင်းမရှိသလောက်နီးပါး ချီဟွမ်ချွီကျန်းရှန်ရဲ့အင်္ကျီလက်စကိုဆွဲကာ နှုတ်ခမ်းစူလိုက်သည်။
" ချွီကျန်းရှန် ကျေးဇူးပြုပြီးကူညီပါလို့...နော်~"ခါတိုင်းလန်းဆန်းတဲ့အသံလေးနဲ့မတူပဲ ဒီအသံမှာအနည်းငယ်ချိုမြိန်မှုလေးပိုပါကာ လူတွေရဲ့အသဲနှလုံးကို တလှပ်လှပ်ခုန်အောင်လုပ်နိုင်သည်။ ချွီကျန်းရှန်မျက်ဝန်းတွေအနည်းငယ်လက်သွားခဲ့ပြီး အပြုံးနဲ့ပေ့ာလိုက်တယ်။
" ဆက်ပြော"ချီဟွမ်: "......"
ဘေးမှာသူတို့နှစ်ယောက်ရောက်လာတာကို သတိထားမိသွားတဲ့သူတွေ ရှိကြပြီး ဒီအခိုက်မှာ သူမတို့နှစ်ယောက်အပေါ် သူတို့အကြည့်တွေအားလုံးနီးပါးရောက်နေကြသည်။ သူတို့မျပ်လုံးတွေထဲမှာ အံ့အားသင့်မှု၊ စပ်စုလိုမှုနဲ့စူးစမ်းလိုစိတ်တို့နဲ့ပြည့်နေကြပြီး အားလုံးအြည့်ကသူမတို့ပတ်လည်ကို မဖုံးမကွယ်ကျရောက်နေကြသည်။
ချီဟွမ် အံတင်းတင်းကြိတ်၍ တီးတိုးသတိပေးလိုက်တယ်။
" လွန်မလာနဲ့နော် ဒီနေ့ငါ့စိတ်တိုင်းကျနင့်ကိုအသုံးချလို့ရတယ်လို့ ရှင်းရှင်းလင်းလင်းပြောထားပြီးသား"ချွီကျန်းရှန် သူမလက်ကိုဆွဲပြီး အဲ့ဒီနောက်အရှေ့ဖက်လျှောက်သွားလိုက်သည်။
ချီဟွမ့်လက်ကို နွေးထွေးကြီးမားတဲ့လက်တစ်ဖက်က ထွေးပတ်လိုက်သည်နှင့် သူမခဏလောက်ကြောင်အမ်းသွားခဲ့ပြီး အဲ့ဒီနောက် သူမနှလုံးသားဆီတရွရွတုန်ယင်မှုလေး ရောက်ရှိသွားပုံရပြီး ထိတ်လန့်တုန်လှုပ်တဲ့လှိုင်းငယ်လေးတွေ နောက်မှပါလာသည်။
ချီဟွမ့်မျက်နှာလေးပူနွေးလာပြီး အလျင်မြန်လက်ပြန်ဆွဲယူကာ အထစ်ထစ်အငေါ့ငေါ့နဲ့....." နင်..နင်ဘာလုပ်တာလဲ?"
ချွီကျန်းရှန် မျက်ခုံးတွေအနည်းငယ်ပင့်သွား၍ ပြုံးပြီးပြောလိုက်သည်။
" မင်းပဲပန်းချီဆရာမချီရှစ်ဟွာနဲ့စကားသွားပြောချင်တယ်ဆို သူနဲ့ဓာတ်ပုံအတူတွဲမရိုက်ချင်ဘူးလား?"ချီဟွမ်ရုတ်တရက်ခေါင်းထောင်သွားပြီး အံ့အားသင့်ကာပျော်ရွှင်သွားတယ်။
" အင်း!"
YOU ARE READING
ထိန်းချုပ်မရတဲ့အချစ်မီး
Romanceချီဟွမ်နဲ့ချွီကျန့်ရှန်းသည်ကလေးဘဝတည်းကအတူတူကြီးပြင်းလာခဲ့ကြပြီး ချွီကျန့်ရှန်းမှာဖျော်ဖြေရေးနယ်ပယ်က မည့်သည့်အမျိုးသားကြယ်ပွင့်ထက်မဆိုချောမောခန်ညားသည့် မျက်နှာလေးရှိတယ်ဆိုရင်တောင် သူမသည်သူနဲ့ပတ်သတ်ပြီး တခြားအတွေးတစိုးတစိမှလုံးဝမရှိခဲ့ပေ။ သူမအဖိုးတိ...