Chapter 5.1

536 51 0
                                    


အလင်းရောင်တွေတောက်ပပြီး အခန်းထဲမှာခဏတာတိတ်ဆိတ်ခြင်းကြီးစိုးသွားသည်။

ချီဟွမ့်နှလုံးခုန်သံမှာမွန်းကြပ်သွားသလိုခံစားလိုက်ရပြီး ငိုင်တိုင်တိုင်နဲ့ချွီကျန်းရှန်ကိုကြည့်လိုက်လေတယ်။

" ငါ့ရဲ့တစ်ကိုယ်ကောင်းဆန်တဲ့အတွေးကိုမင်းမသိဘူးလား?"
ချွီကျန်းရှန် ရုတ်တရက်ပြုံးလိုက်သည်။

" ငါတကယ်ပဲ ဒီရုတ်တရက်စေ့စပ်ပွဲကိုကျေးဇူးတင်မိတယ် ဒါကငါ့ကိုပြဿနာတွေအများကြီးကကယ်တင်ပေးတယ်"

ချီဟွမ် သွားကြိတ်၍ ချွီကျန်းရှန်ရဲ့ပွင့်လင်းဗြောင်ကျတဲ့အပြုံးကိုကြည့်လိုက်ပြီး သူမလက်ထဲကမြေပဲထမင်းနဲ့ ဒင်းမျက်နှာကိုတကယ်ပစ်ပေါက်ချင်မိသွားသည်။

" နင်သိပ်စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ်! ငါ့မှာထမင်းတောင်စားမဝင်တာ့ဘူးဟဲ့!"

ချွီကျန်းရှန် အသာယာရယ်မော၍ မေးငေါ့ကာစားပွဲကိုညွှန်ပြလိုက်သည်။
" စားပွဲပေါ်ကဟင်းပွဲတွေအများစုကမင်းစားထားတာ‌ ပြီးတော့မင်းထမင်းနှစ်ပန်းကန်တောင်စားခဲ့တယ်လေ"

ချီဟွမ်: .....

ဒါသူသတိပေးစရာလိုလို့လား?

" ငါသွားရှင်းလိုက်မယ်"
ချီဟွမ် ဒေါပွသွားပြီးထရပ်လိုက်သည်။
" ဒါဆိုငါတို့ကျေပြီနော်"

ချွီကျန်းရှန် သူမကိုမတားပဲ ဘေ‌ပေးချေဖို့အရှေ့စားပွဲကို သွားခွင့်ပြုလိုက်သည်။

receptionist သည်ချွီကျန်းရှန်ရောက်လာတာမြင်တဲ့အခါ သူ့မျက်နှာကိုဂရုတစိုက်ကြည့်ရှုလိုက်ပြီး ချီဟွမ့်ကိုဘေစာရွက်မပေးခင် သူခေါင်းညိတ်ပြတာမြင်လိုက်သည်။

သူမတို့ကြားရှင်းသွားပြီဆိုတာကို မြင်လိုက်တာနဲ့ ချီဟွမ်ပြုံး၍ပြောလိုက်တယ်။
" ကဲ ဒါဆို ဒီမှာပဲလမ်းခွဲကြတာပေါ့ ငါအိမ်ပြန်တော့မယ်"

" ငါမင်းကိုလိုက်ပို့မယ် ဘယ်လိုပဲဖြစ်ဖြစ်အခုချိန်မှာမင်းကငါ့ရဲ့စေ့စပ်ထားတဲ့သူလေ ဒါကြောင့်မင်းကိုလိုက်ပို့မှပဲမှန်မှာပေါ့"

ထိန်းချုပ်မရတဲ့အချစ်မီးWhere stories live. Discover now