Chapter 2.1

713 64 1
                                    

ဇွန်လဖြစ်ပေမဲ့ ညလေပြေညင်းသည်အနည်းငယ်အေးမြရာ ခုံတန်းပေါ်မှာမှီထားတဲ့ချီဟွမ်မှာ မထိန်းနိုင်ပဲအနည်းငယ်တုန်ယင်သွားသည်။

အောင်းဇီယွဲ့နဲ့ကျီဝေ့သည် ချီဟွမ်ကအရမ်းမြန်မြန်ကြီးဖုန်းချပစ်လိုက်တာကြောင့် ချွီကျန့်ရှန်းဖြစ်နေတာကိုမြင်လိုက်ရတော့ မအံ့ဩသွားခဲ့ပေ။ ချွီကျန်းရှန်ဖုန်းပြန်ခေါ်ချိန်မှာ ကျီဝေ့ကဖုန်းပြန်ဖြေခဲ့သည်။

" လင်းဟွေ့ကလက်ထပ်တော့မယ် အဲ့ဒါကြောင့် ငါတို့အားလုံးအတူတူပျော်ကြပြီး နည်းနည်းလောက်သောက်ခဲ့ကြတာ"
ချွီကျန်းရှန်မျက်နှာမသာမယာဖြစ်နေသည်ကို မြင်လိုက်ရတော့ ကျီဝေ့လည်းအလျင်မြန်ရှင်းပြလိုက်သည်။

ချွီကျန်းရှန်မျက်ဝန်းတွေအနည်းငယ်နူးညံ့သွားပြီး သူတို့နှစ်ယောက်စလုံးကိုကျေးဇူးတင်လိုက်သည်။ သူ့ရဲ့အနောက်တိုင်းဝတ်စုံအပေါ်ထပ်ကိုချွတ်ပြီး ချီဟွမ့်ကိုယ်ပေါ်မှာတင်ပေးပြီးနောက် သူမကိုဖြေးညင်းစွာပွေ့ချီလိုက်သည်။

သူကအလွန်ဂရုတစိုက်လှုပ်ရှားသွားခဲ့ပြီး အဲ့ဒီနောက်သူတို့နှစ်ယောက်ကိုပြောလိုက်တယ်။
" ဒီညအတွက်ကျေးဇူးပါပဲ ဟွမ်ဟွမ့်ကိုငါအရင်ပြန်ခေါ်သွားတော့မယ်"

ရင်ခွင်ထဲမှာလူတစ်ယောက်ကိုချီထားတဲ့ ချွီကျန်းရှန်ထွက်သွားတာကိုကြည့်ရင်း အောင်းဇီယွဲ့နဲ့ကျီဝေ့တို့လည်းရင်ထဲမှာ စိတ်သက်သာရာရတဲ့သက်ပြင်းအသီးသီးချလိုက်ကြသည်။

ကားဆီရောက်ချိန်တွင် ရွှီလင်းသည်အလျင်မြန်တံခါးကူဖွင့်ပေးသည်။ ချီဟွမ့်မျက်လုံးတွေတင်းတင်းပိတ်ထားပြီး လိမ္မာတဲ့ကောင်‌မလေးပုံပေါက်နေတာကို မြင်လိုက်ရချိန်တွင် ချွီကျန်းရှန်ရင်ထဲထိခတ်သွားသည်။

သူကချီဟွမ့်ကိုကားထဲညင်သာစွာနေရာချပေးပြီး ကားတံခါးပြန်ပိတ်ကာ တစ်ဖက်ခြမ်းမှနေ၍ကားထဲမဝင်ခင် သူမကိုခါးပတ်‌ပတ်ပေးလိုက်သည်။

ဒါတွေအားလုံးကိုရွှီလင်းမျက်လုံးတွေနဲ့ မြင်လိုက်ရပြီး ကားမောင်းထွက်ရင်း မထိန်းနိုင်ပဲပြောလိုက်သည်။
" missချီဟွမ်လည်းအတူတူပါပဲ သောက်ပြီးနောက်မှာ boss ကိုခေါ်ညှင်းဆဲသေးတာပဲ"

ထိန်းချုပ်မရတဲ့အချစ်မီးWhere stories live. Discover now