ချွီကျန်းရှန်ရောက်လာချိန်တွင် ချီဟွမ်နဲ့ချန်ယွိပိုင်တို့မှာ ချွီကျန်းရှန်ရဲ့ဒဏ်ခံရတဲ့ဒုက္ခသည်မဟာမိတ်တွင် သွေးသောက်ရဲဘော်ရှာတွေ့သွားသကဲ့သို့ ပျော်ပျော်ပါးပါးကြီးစကားပြောနေကြသည်။" အမြဲတမ်းကသူကငါနဲ့လောင်းကြေးထပ်ဖို့ ထောင်ချောက်ဆင်တယ် ငါရှုံးတာသေချာအောင်လုပ်တယ် အကြိမ်တိုင်းသူ့စကားတွေနဲ့ငါ့ကိုဆွပေးပြီး သူလုပ်လိုက်တာနဲ့ ငါကလည်းအရူးလုပ်ခံလိုက်ရတာပဲ ငါထုံနေပါပြီလေ"
ချန်ယွိပိုင် မကျေမနပ်ပြောလိုက်သည်။
ချီဟွမ် နင့်နင့်နဲနဲစာနာစိတ်ဖြင့်ခေါင်းညိတ်သဘောတူလိုက်သည်။
" သူကကလေးတည်းကဆိုးသွမ်းခဲ့တာပဲလေ"" ဒါပေမဲ့ အခုမင်းတို့အတူညစာစားပွဲတတ်လာကြတယ် ဆုံးဖြတ်ပြီးသွားကြပြီလား? မင်းတို့ဘယ်တော့လက်ထပ်ဖြစ်ကြမှာလဲ?"
ချန်းယွိပိုင် စပ်စုချင်စိတ်ပြင်းပြနေပုံရသည်။ချီဟွမ်ခေါင်းကိုက်သွားတယ်။ ဘယလို့လူတိုင်းကသူမကိုဒီမေးခွန်းကြီးပဲမေးကြတာလဲ? သူမဒေါသတကြီးခြိမ်းခြောက်လိုက်တယ်။
" ဒီမေးခွန်းကိုမမေးနဲ့ မဟုတ်ရင် နင်ပြောခဲ့သမျှကို ငါချွီကျန်းရှန်ကိုပြန်ပြောပြပစ်လိုက်မယ်"ချန်ယွိပိုင် တုန်လှုပ်သွားသည်။
" ဒါဆို ငါလည်းမင်းပြောခဲ့တာတွေသူ့ကိုပြောလို့ရတယ်"" ငါကသူ့ကိုမကြောက်ဘူး နင်ကတော့သူ့ကိုကြောက်တယ်လေ"
ချီဟွမ် လှောင်ရယ်လိုက်သည်။ချန်ယွိပိုင်: "....."
လူတွေကြားကကွာဟချက်ကအရမ်းကြီးနေတာပဲ။
ထိုအချိန်တွင် ချွီကျန်းရှန်ရောက်လာလေသည်။ နှစ်ယောက်သားမျက်လုံးမှိတ်ပြ၍ တစ်ယောက်နဲ့တစ်ယောက်ကြည့်ပြီး အချင်းချင်းရဲ့လျှို့ဝှက်ချက်တွေကို ဖွင့်ဟမပြောပဲနားလည်စွာ ထိန်းသိမ်းဖို့သဘောတူလိုက်ကြသည်။
နှစ်ယောက်သားအကြည့်ဖလှယ်လိုက်တာကို ချွီကျန်းရှန်မြင်သွားပြီး မျက်မှောင်ကျုံ့သွားသည်။
" ဘာတွေပြောနေကြတာလဲ?"

YOU ARE READING
ထိန်းချုပ်မရတဲ့အချစ်မီး
Romanceချီဟွမ်နဲ့ချွီကျန့်ရှန်းသည်ကလေးဘဝတည်းကအတူတူကြီးပြင်းလာခဲ့ကြပြီး ချွီကျန့်ရှန်းမှာဖျော်ဖြေရေးနယ်ပယ်က မည့်သည့်အမျိုးသားကြယ်ပွင့်ထက်မဆိုချောမောခန်ညားသည့် မျက်နှာလေးရှိတယ်ဆိုရင်တောင် သူမသည်သူနဲ့ပတ်သတ်ပြီး တခြားအတွေးတစိုးတစိမှလုံးဝမရှိခဲ့ပေ။ သူမအဖိုးတိ...