Chapter 7

376 41 1
                                    

သူမအိမ်ပြန်ရောက်တဲ့အခါ ယဲ့စုန့်လန်သည်ချီဟွမ့်မျက်နှာကိုစိုက်ကြည့်ပြီး အနည်းငယ်ပဟေဠိဖြစ်သွားသည်။
" လတ်ဆတ်တဲ့လေသွားရှူအုံးမယ်လို့ ညည်းပဲပြောသွားတာမဟုတ်လား? ဘာလို့မျက်နှာကရှုံ့မဲ့နေသေးတာလဲ?"

ချီဟောင် ဖုန်းကြည့်ရာကနေခေါင်းထောင်လာပြီး ပြုံး၍ပြောလိုက်သည်။
" တခြားဘာများဖြစ်နိုင်မှာလဲ? ကျန်းရှန်ကိုတွေ့ခဲ့လို့ပေါ့ ကျန်းရှန်နဲ့ကျန်းယိတို့ ဒီနေ့ညစာစားဖို့ပြန်လာကြတယ်လို့ လောင်ချွီအခုပဲပြောတယ်"

ယဲ့စုန့်လန် မျက်ဝန်းတွေတောက်ပသွားတယ်။
" ကျွန်မတစ်ခုခုမေ့နေတယ်လို့ ပြောခဲ့တယ်လေ ဒါကျွန်မတို့မိသားစုနှစ်ခု ညစာအတူစားကြရတော့မဲ့အချိန်ပဲ ကျွန်မဟဲ့ယင်းကိုရှာပြီး စကားပြောလိုက်အုံးမယ်"

" အမေ!"
ချီ‌ဟွမ် ရှူးရှူးရှားရှားဖြစ်သွားသည်။
" သမီးကိုအလောတကြီးမလုပ်ပါဘူးလို့ အမေခုနကပဲပြောခဲ့တယ်မဟုတ်လား?"

" အေးလေ အမေနင့်ကိုမတိုက်တွန်းပါဘူး မိသားစုနှစ်ခုညစာအတူစားတာဘာမှားလို့လဲ? အမေတို့တချိန်လုံးအတူစားခဲ့ကြတာပဲလေ မဟုတ်လို့လား?"

ယဲ့စုန့်လန် ချက်ကျလက်ကျပြောလိုက်သည်။
" အချင်းချင်းအဆက်အသွယ်မပြတ်ပဲ ဆက်ဆံရေးတည်ဆောက်ဖို့အတွက်လေ ညည်းတို့ကြောင့်မို့မဟုတ်ပါဘူး သိပ်ကြီးလည်းစိတ်ကူးယဉ်ဆန်မနေစမ်းပါနဲ့အေ"

ချီဟွမ်: "......."

ရှုံးနိမ့်သွားပြီးနောက် ချီဟွမ်စကားတစ်ခွန်းမဆိုပဲ ထိုင်ချလိုက်သည်

ချီဟောင် အနားလာပြီးမေးလိုက်သည်
"ဒီညအိမ်မှာနေမှာလား?"

" ဟင့်အင်း သမီးပြန်မှာ"
ဒီမှာနည်းနည်းလောက်ဆက်နေရင် သေလုအောင်စိတ်ဆိုးရမှာကို သူမကြောက်ပါသည်နော်။

ချီဟောင် အပြင်ကကောင်းကင်ကြီးကိုတစ်ချက်ကြည့်၍..." အရမ်းနောက်ကျနေပြီ တအောင့်နေရင်အဖေလိုက်ပို့ပေးမယ်"

" ရတယ် အဖေ"
ချီဟွမ်ခေါင်းခါလိုက်သည်။
" ချွီကျန်းရှန်ကသမီးကိုလမ်းကြုံခေါ်သွားပေးမယ်လို့ပြောတယ်"

ထိန်းချုပ်မရတဲ့အချစ်မီးWhere stories live. Discover now