Chapter 3.1

422 46 4
                                    

လက်ရှိမှာ ချီဟွမ်သည်လောလောလတ်လတ်ရေချိုးပြီးခါစဖြစ်ပြီး သူမဆံပင်တွေပင်လျှင် တစ်၀က်လောက်စိုစွတ်နေသေးသည်။ ထိုစဥ်ချွီကျန်းရှန်းကတော့ လည်ပင်းမှာသံသယဖြစ်စရာ အနီမှတ်တွေနဲ့ လုံး၀မတော်တဲ့ရေချိုး၀တ်စုံကို၀တ်ဆင်ထားကာ ပြောစရာပင်မလိုချေ။

မည်သူမဆိုဒီလိုမြင်ကွင်းနဲ့ပတ်သတ်ပြီး ပိုတွေးကြမှာပင်။

ချီဟွမ်ထိတ်ထိတ်ပျာပျာနဲ့ ရှင်းပြလိုက်သည်။
" သမီးမနေ့ညကသောက်တာများသွားလို့ပါ အဲ့ဒါကြောင့် ချွီကျန်းရှန်ကသမီးကိုလိုက်ပို့ပေးခဲ့တာပါ ဘာမှမဖြစ်ခဲ့ပါဘူး"

ယဲ့စုန့်လန်မျက်နှာမှာ စကားလေးလုံးရှင်းလင်းပြတ်သားစွာ ရေးထားသည်။ ငါမယုံဘူး။

" ဟဲ့ နင်လည်းနည်းနည်းပါးပါး၀င်ပြောလေ!"
ချီဟွမ် ချွီကျန်းရှန်ဘေးနားလျှောက်သွားကာ ခြိမ်းခြောက်ဟန်ဖြင့်လေသံနှိမ့်လိုက်သည်။
" နင်ငါ့အမေကိုကောင်းကောင်းရှင်းပြလိုက် မလိုအပ်တာတွေထည့်မပြောနဲ့"

အသံကလုံး၀မတိုးဖွရာ ယဲ့စုန့်လန်ရှင်းလင်းစွာ ကြားလိုက်ရသည်။

ချွီကျန်းရှန်သည်သူစကားတစ်လုံးပဲ မှားပြောပါက အပြစ်ပေးမှုကသူ့အပေါ် ချက်ချင်းကျရောက်လာတော့မည့်သကဲ့သို့ သူ့ခါးပေါ်ကချီဟွမ့်လက်ကို ကြိုတင်ခံစားမိနေပြီ။ သူ့နှုတ်ခမ်းတွေအနည်းငယ်မြင့်တတ်သွားကာ အပြုံးလေးနဲ့ပြောလိုက်သည်။

" ဟွမ်ဟွမ်ပြောတာအားလုံးအမှန်ပဲ"

ယဲ့စုန့်လန် သူ့ကိုကြည့်လိုက်ပြီး သဘာဝအလျောက်ပဲသူ့ကိုလုံးဝမယုံကြည်ပေ။
" ဒါဆို မနေ့ညကဖြစ်ပျက်ခဲ့တာအသေးစိတ်ကို ငါ့ကိုပြောပြ"

ချီဟွမ်ရှော့ရသွားသည်။ သူမကမနေ့ညကမူးကွဲနေတာလေ။ သူမမူးနေတုန်းကပြောခဲ့တာတွေကို ချွီကျန်းရှန်သာသူမအမေကို အားလုံးပြောပြလိုက်ပါက ယဲ့စုန့်လန်ကသူမအကြောင်းတစ်ခုခု ပိုလို့တောင်ပြောလာနိုင်သည်။

သူမပြုံးပြုံးလေးနဲ့ပြောလိုက်သည်။
" မနေ့ညကသမီးချွီကျန်းရှန်အပေါ် မတော်တဆအန်ချလိုက်မိလို့ သူ့အဝတ်အစားတွေလဲလိုက်ရတာကလွဲရင် ဘာမှအသေးစိတ်ပြောစရာရယ်လို့မရှိပါဘူး အမေအများကြီးလိုက်မတွေးသင့်ဘူး"

ထိန်းချုပ်မရတဲ့အချစ်မီးWhere stories live. Discover now