ဧည့်ခန်းထဲတွင် ခဏလောက်တိတ်ဆိတ်ငြိမ်ကျသွားပြီး ရှပ်အင်္ကျီထည့်ထားတဲ့အိတ်ကလေး ကြမ်းပြင်ပေါ်ပြုတ်ကျသွားသံ ထွက်ပေါ်လာသည်။
ချီဟွမ်မှာစကားပြောဖို့ရှော့ခ်ရလွန်းသွားပေမဲ့ ချက်ချင်းဆိုသလို တုံ့ဆိုင်းတုံ့ဆိုင်းနဲ့မေးလိုက်သည်။
" ဒီနေ့ကApril Fool’s Day လား ဒီဟာသကလုံးဝမရယ်ရဘူးနော်....."ယဲ့စုန့်လန် ကြမ်းပြင်ပေါ်ပြုတ်ကျသွားတဲ့ ရှပ်အင်္ကျီအဖြူလေးကိုကြည့်ပြီး ပြုံးရယ်၍ပြောလိုက်သည်။
" ဘယ်လိုဟာသဖြစ်နိုင်မှာလဲ? ဒါကနင့်အဖိုးတို့လက်ထက်ထဲက စီစဉ်ထားခဲ့တဲ့လက်ထပ်ကတိပဲ"နောက်တစ်ဖန် ချီဟွမ်မှာမိုးကြိုးပစ်ခံလိုက်ရသလို နေရာမှာတောင့်တောင့်ကြီးဖြစ်သွားလေသည်။
ယဲ့စုန့်လန် သူမအနားပျော်ရွှင်မြူးထူးစွာလျှောက်လာပြီး သူမကိုထိုင်ဖို့ဆွဲချလိုက်ရင်း ကြမ်းပြင်ပေါ်ကရှပ်အင်္ကျီကို ကူကောက်ပေးလိုက်သည်။
" တကယ်တော့ အစတုန်းကဒါကိုနင့်အဖိုးကပေါ့ပေါ့ပါးပါးပဲပြောခဲ့တာပါ ဒါပေမဲ့ နင်နဲ့ကျန်းရှန်တို့တစ်နှစ်တည်းမှာမွေးလာပြီး ယောက်ျားလေးနဲ့မိန်းကလေးတွေဖြစ်နေကြမယ်လို့ ငါတို့လည်းမထင်ထားခဲ့ဘူးလေ အဲ့ဒီနောက်ဆုံးဖြတ်ခဲ့ကြတယ် ဒါတွေအားလုံးကကံကြမ္မာပဲ"ချီဟွမ်မှာ အခုမှသာစိတ်ခွန်အားပြန်ရှာတွေ့လိုက်ပေမဲ့ မနေနိုင်ပဲအံတင်းတင်းကြိတ်၍ မေးလိုက်သည်။
" ဒါဆို ဘာလို့အခုကျမှပဲထပြောရတာလဲ?"" ဒါကလူကြီးတွေချမှတ်ခဲ့တဲ့လက်ထပ်ကတိဆိုပေမဲ့ နင်တို့တစ်ယောက်နဲ့တစ်ယောက်ခံစားချက်မရှိရင် ငါတို့မထိန်းချုပ်ချင်ဘူးလို့တွေးထားကြတာ နင်တို့တွေအရွယ်ရောက်မလာခင် ဒီအကြောင်းကပြောလို့မရဘူးလေ နင်တို့အရွယ်ရောက်လာတဲ့အချိန်မှာလည်း နင်တို့မှာသဘောကျရတဲ့တခြားသူတွေရှိမလားလို့ မြင်ချင်သေးတယ်လေ"
ယဲ့စုန့်လန်လေသံကအတော်လေးကျေနပ်သွားသည်။
" အမေမထင်မှတ်ထားခဲ့တာက နင်နဲ့ကျန်းရှန်တို့ဒီနှစ်တွေတလျှောက်လုံး singleတွေဖြစ်ခဲ့ကြမယ်လို့ပဲ"
YOU ARE READING
ထိန်းချုပ်မရတဲ့အချစ်မီး
Romanceချီဟွမ်နဲ့ချွီကျန့်ရှန်းသည်ကလေးဘဝတည်းကအတူတူကြီးပြင်းလာခဲ့ကြပြီး ချွီကျန့်ရှန်းမှာဖျော်ဖြေရေးနယ်ပယ်က မည့်သည့်အမျိုးသားကြယ်ပွင့်ထက်မဆိုချောမောခန်ညားသည့် မျက်နှာလေးရှိတယ်ဆိုရင်တောင် သူမသည်သူနဲ့ပတ်သတ်ပြီး တခြားအတွေးတစိုးတစိမှလုံးဝမရှိခဲ့ပေ။ သူမအဖိုးတိ...