ဒုန်း–
ချီဟွမ့်ကိုယ်လေးတုန်ယင်သွားပြီး ချက်ချင်းပဲမျက်လုံးတွေဖွင့်လိုက်သည်။ ရင်းနှီးနေတဲ့မျက်နှာကြက်ကိုကြည့်လိုက်မိချိန်တွင် သူမရင်ထဲစိတ်သက်သာရာရစွာသက်ပြင်းချလိုက်သည်။
ဒါကသူမအိမ်ပဲ၊ အဲ့ဒါကအိပ်မက်လေးတစ်ခုပါပဲ။
အနည်းငယ်ဖြေသိမ့်ပြီးနောက် ချီဟွမ့်နှလုံးခုန်သံတွေတည်ငြိမ်သွားသည်။ မနေ့ညကကျန်းရော့ရှသူမကို ပြန်ခေါ်လာပေးလို့တော်သေးတယ်လို့တွေးရင်း နဖူးကိုပွတ်သပ်လိုက်သည်။ မဟုတ်ရင် ဘာတွေဖြစ်ပျက်သွားမလဲမသိတော့ဘူး။
ချီဟွမ်မျက်ရိုးတွေကိုက်နေကာ ဖြေးညှင်းစွာထထိုင်လိုက်ပြီးနောက် သူမအိပ်ရာဘေးမှလူတစ်ယောက်ရှိနေသည့်အတွက် တောင့်ခဲသွားရသည်။ အင်္ကျီမပါတဲ့ ချွီကျန်းရှန်ကြီးရယ်။
ထိုချက်ချင်းအချိန်အတွင်းမှာပင် ချီဟွမ့်စိတ်သည်ချာလည်လည်နေတဲ့မီးပုံးတစ်လုံးလို အတွေးပေါင်းများစွာဖြတ်သန်းသွားသည်။ အလွန်မအပ်စပ်တဲ့အတွေးတစ်ခုတောင်တွေးလိုက်မိပေမဲ့ သူမကမနေ့ညကဝတ်ထားတဲ့အင်္ကျီကို ဝတ်ထားဆဲဖြစ်သည်မို့ ထိုအတွေးကိုချက်ချင်းပယ်ချလိုက်သည်။
ချီဟွမ့်နှလုံးသားသည်တဒုတ်ဒုတ်ခုန်ပေါက်နေပြီး အထစ်ထစ်အငေါ့ငေါ့နဲ့ချွီကျန့်ရှန်းကိုနှိုးလိုက်သည်။
" ထတော့ ချွီကျန်းရှန်.....နင် ...နင်ဘာလို့ငါ့အိမ်ထဲရောက်နေတာလဲ? ဘာလို့နင့်အင်္ကျီကိုချွတ်ထားလိုက်သေးတာလဲဟဲ့"ချွီကျန်းရှန်မျက်မှောင်ကျုံ့သွားသည်။ မျက်လုံးတွေဖွင့်လာပြီး အထိတ်တလန့်ဖြစ်နေတဲ့ချီဟွမ့်ကို မြင်သွားပြီးနောက် မထိန်းနိုင်ပဲနှုတ်ခမ်းတွေကော့သွားသည်။
" နိုးပြီလား?"သူကထိုအချိန်မှထလာပြီး သူ့ရင်ဘတ်ကြွက်သားတွေအောက်မှာ ဗိုက်ကြွက်သားတွေရှိကာ ကြည့်ကောင်းတဲ့six-pack ကအဆုံးမရှိတဲ့ခွန်အားတွေ ပိုင်ဆိုင်ထားပုံရသည်။ အလွန်ကောင်းမွန်လှတဲ့ခန္ဓာကိုယ်ဆိုတာအသိသာကြီးဖြစ်ပေမဲ့ လူတစ်ချို့ကတော့ဒါကိုအသိအမှတ်ပြုဖို့ စိတ်အခြေအနေမှာမရှိဘူး။

YOU ARE READING
ထိန်းချုပ်မရတဲ့အချစ်မီး
Romanceချီဟွမ်နဲ့ချွီကျန့်ရှန်းသည်ကလေးဘဝတည်းကအတူတူကြီးပြင်းလာခဲ့ကြပြီး ချွီကျန့်ရှန်းမှာဖျော်ဖြေရေးနယ်ပယ်က မည့်သည့်အမျိုးသားကြယ်ပွင့်ထက်မဆိုချောမောခန်ညားသည့် မျက်နှာလေးရှိတယ်ဆိုရင်တောင် သူမသည်သူနဲ့ပတ်သတ်ပြီး တခြားအတွေးတစိုးတစိမှလုံးဝမရှိခဲ့ပေ။ သူမအဖိုးတိ...