Part (2)

692 41 5
                                    

"Tae" သား စာတွေကောလိုက်နိုင်ရဲ့လား။  စာတွေမသိတာရှိရင် ဆရာတွေကိုသေချာပြန်မေးနော်ကြားလား သားလေး။ ဘာဘဲဖြစ်ဖြစ်အ‌ဖေ့သားလေးက တော်ပြီသားဆိုတော့ အများကြီးပြောစရာမလိုပါဘူး။"

" ဟီးး~~~ ကျတော်ကြိုးစားနေပါတယ် အဖေ၊ တနေ့ကျရင် အဖေနဲ့အမေ အများကြီးဂုဏ်ယူရတဲ့သားတယောက်ဖြစ်စေရမယ်လို့သားဂတိပေးပါတယ်။ "

" ဟုတ်ပါပြီ ၊ ဒါဆိုသား စာလုပ်တော့၊ စောစောလဲအိပ်အုံး မနက်ကျရင်ကျောင်းသွားရအုံးမယ်လေ။ "

" ဟုတ်ကဲ့ အဖေ သား အိမ်စာတွေ လက်စသက်ပြီးရင် အိပ်ရာဝင်တော့မယ်ဗျ။ "

# Tae လည်း အိမ်စာများလက်စသက်ပြီးသောအခါ အိပ်ရာဝင်ရန်ပြင်ဆင်တော့လေသည်။

နောက်နေ့မနက်ကျောင်းတွင် ~~~

" ရားးး~~  Kim Tae  မင်းဒီနေ့ကျမှပိုကြည့်ကောင်းနေသလိုဘဲနော်၊ ဟျောင့် ရည်းစားရနေတာလား၊ မှန် မှန်ပြောစမ်း ။ "

" Jimin~~ မင်းဘယ်တော့မှငါ့ကိုပေါက်ကရတွေပြောတာရပ်မှာလဲ ၊ ငါနေ့တိုင်းဒီလိုဘဲ ဝတ်နေကျလေကွာ၊ ပေါက်ကရတွေ ဘယ်ကသာရည်းစားရ  ရမှာလဲ ။

" အမ် ~~ မင်းငါ့ကိုများကြိုက်နေတာလား၊ ခိခိ "

" ဟမ် ~~~ ငါကမင်းကိုကြိုက်စရာလားကွ၊ "

Jimin သူစကားနှင့်သူ ပြန်တိုင်ပတ်  သွားတာကိုကြည့်ပြီး Tae တ ယောက် အားပါးတရ ရယ်လေတော့သည်။

ဒါပေမဲ့ သူတို့သတိမထားမိသေးတာတခုက သူတို့ကိုခပ်လှမ်းလှမ်း ကစောင့်ကြည့်နေသောသူတယောက်ရှိနေတာကိုတော့ သူတို့သတိမထားမိ ခဲ့ပေ။

"Jimin မင်းအိမ်ပြန် မယ်ဆိုပြန်နှင့်တော့လေ ၊ ငါ driver ဂင်  ကို တယောက်ထဲ ဆက်စောင့်နေလိုက်မယ်။ "

" အမယ်  ~~~ မနေ့က တယောက် များထပ်ရောက်လာမလားဆိုပြီ တယောက်ထဲစောင့်နေတော့မယ်ပေါ့  ဟုတ်လား။ "

" ရားးးး Jimin  မင်း တကယ်မနိုင်စိန်ပါလား၊ လာမင်းအခု ဆင်းလာခဲ့ကားပေါ်က နောက်တခါပေါက်ကရမပြောတော့အောင် နာနာလေးတချက်လောက် ရိုက်ပလိုက် မလို့ ...... "

" တာ့တာ့... သူငယ်ချင်းလေးရေ၊ သွားတော့မယ် ခိခိ "

" ဒီကောင် မနက်ကျောင်းရောက်မှ ခပ် နာနာ လေးတချက်လောက် ထုပစ်အုံးမယ် ၊ driver ဂင်ကလဲဘာလို့နောက်ကျနေတာ လဲ ကွာ "

" ဒီနေ့လဲ လာကြိုတာနောက်ကျနေပြန်ပြီလား။"

ထိုအသံကြောင့်  ထယ် လန့်သွားပြီ လှည့်ကြည့်လိုက်သောအခါ၊ မနေ့က all black နှင့် လူ ~~~

" ဟိတ် ကောင်လေး ၊ ကိုမေးတာ ပြန်မဖြေတော့ဘူးလား။ "

"အမ် ~~ ဟုတ်.. ဟုတ်တယ်၊ ဒါနဲ့ ဒီက လူက ကျတော့်ကို သိလို့လား၊ ကျတော်တို့က တယောက်နဲ့တယောက်မသိဘူးထင်တယ်နော် "

" မနေ့ကတွေ့ဖူးတယ်လေ၊ ဒီနေရာမှာဘဲ~~ "

" umm ! အဲ့တာက ရင်နှီးတာမှမဟုတ်တာ၊ ဒီတိုင်း ခန တွေ့တာဘဲလေ ဗျ။ "

" ဒါဆို ကိုတို့ အခုကစပြီး ရင်နှီး ကြမယ်ဆိုရင်ကော ~~~ "

" အာ့~~  ကားလာပြီ ၊ ကျတော်ပြန်တော့မယ် ။"

" ဒါနဲ့ ~~~~~~~"

"Tae .. သားရေ ၊ လမ်းမှာကားတွေ အရမ်းပိတ်နေလို့ နောက်ကျသွားတာ၊ တောင်းပန်ပါတယ်နော်။"

" ဟုတ်ရပါတယ် driver ဂင် "

" ဟိတ်လူ ကျတော်သွားတော့မယ်၊ ခဗျားမေးတာကိုနောက်တခါပြန်တွေ့မှဖြေပေးမယ်။"

# ထယ် ကတော့ ဒီတိုင်းပြောလိုက်ပေမဲ့  ဟိုကိုယ်တော်ချောကတော့ ပြုံးစိစိ ဖြစ်နေတာ  အထင်းသား ။

_Yuna  Jeon

Taekook is my real happiness.

အမှားပါသွားရင်ခွင့်လွှတ်ပါဗျ၊ ခုမှစရေးတာမို့ အားပေးကြဖို့မျှော်လင့်ပါတယ်။ part(2) ကိုအဆုံးထိဖတ်ပေးတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ဗျ။ _ Yuna.



ချိုချဉ် မွှေးသော အချစ်   Candy(Completed)Where stories live. Discover now