(Part 3)

585 36 10
                                    

"ဒီနေ့က ကျောင်းပိတ်ရက်ဆိုတော့ ငါတို့ ဂိမ်းဆိုင်သွားကြမလား။"

" ငါ လိုက်ချင်ပါတယ်၊ ဒါပေမဲ့ ဒီနေ့ အဖေ့ရဲ့မိတ်ဆွေတွေလာမှာတဲ့အဲ့တာအဖေက ဘယ်မှမသွားဘဲဒီနေ့တနေ့တော့အိမ်မှာဘဲနေပါတဲ့လေ ဟူးးး~~~ "

"အင်းပါ၊ ဒါဆိုနောက်တခါမှသွားကြတာပေါ့ ~~~~"

# သူငယ်ချင်းနှစ်ယောက် ဖုန်းပြောနေတုန်း ထယ်ဧ။် အမေမှ~~~~#

" သားလေးရေ , မနက်စာ လာစားတော့လေ~~"

" ဟုတ်အမေ၊ သားလာပြီ။ "

" သား၊ ဒီနေ့အပြင်သွားမလို့လား။  "

" ဟုတ် အမေ၊ သားဒီနေ့ကျောင်းပိတ်တော့အပြင်ခနသွားမလို့~~"

" အင်းပါ၊ ဂရုစိုက်သွားနော် သား ~~"

# ထယ်လည်း မနက်စာစားပြီနောက် အပြင်သွားရန်ထွက်လာခဲ့လေသည်။ ထို့အချိန် bus ကား စောင့်နေတုန်း ကောင်လေးတယောက်ရောက်လာလေသည်။ #

" ဟိတ် ! ကိုယ်တို့ ထပ်တွေ့ကြပြန်ပြီနော်၊ "

ထယ်လည်း ရုတ်တရက်ထိုအသံကြောင့် လန့်သွားပြီလှည့်ကြည့်မိလိုက်သောအခါ ရင်နှီးသော ပုံရိပ် တစ်ခု~~~

" အာ့ !!  ခဗျားဘဲ ၊ ဒါနဲ့ ဒီကလူက ကျတော့်အနောက်ကိုနောက်ယောင်ခံလိုက်နေတာလား ။"

" မဟုတ်ပါဘူးဗျာ၊ ကို တို့ ဒီတိုင်းခနခနတွေ့ရဖို့ အကြောင်းရှိလို့နေပါလိမ့်မယ်။  ဒါကြောင့်ကို တို့ခနခနဆုံဖြစ်နေတာလေ မဟုတ်ဘူးလား။"

" စကားတတ်တယ်ဆိုတိုင်းလျှောက်ပြောမနေနဲ့၊ မှန်မှန်ပြော ဒီကလူ ကျတော့်ဆီကဘာလိုချင်လို့လဲ၊ ကျတော့်နောက်ကိုလိုက်နေတာ ။"

" ဟောဗျာ !!! နောက်ယောင်ခံလိုက်တာမဟုတ်ပါဘူးဆို၊ ဒါနဲ့ မင်းက ကို လိုချင်တာကိုပြောရင် တကယ်ပေးမှာလား ။"

" အမ် ~~ ဒါကတော့ ကျတော်ပေးနိုင်တာဆိုပေးမယ်ဗျာ၊"

" ဟုတ်ပြီလေ, ဒါဆို ကိုက မင်းကိုလိုချင်တယ်ဆိုရင်ကော~~~"

(အမောင်ကုဆီက flirt နည်းသင်ထားကြ ယော်တော်ဘွန်းတို့~~~~)

" ရားးးး ရူးနေတာလား၊ ခဗျားကတော့ဘာတွေလာပြောနေတာလဲ။ Bus လာနေပြီ ကျတော်သွားတော့မယ်။"

"နေပါအုံး၊ အမည်ကဘယ်လိုခေါ်လဲ။ "

" Kim Tae ပါ၊ ဒီကလူအမည်ကရော "

"ကို့ အမည်က  Jeon Ian  ပါဗျ ၊ အမည် မခေါ်ချင်ရင် ထယ့် ကောင်လေးလို့လဲခေါ်လို့ရပါတယ် ဟီးး "

"ရားးးး ခဗျားကတော့ ပြောရင်ပိုဆိုးလာပြီ ၊ Bus လာနေပြီ သွားတော့မယ်ဗျ။"

" ထယ် !! ကိုတို့ ထပ်တွေ့လို့ ရသေးတယ် မဟုတ်လား။ "

ထယ်ကတော့ဘာမှမပြောဘဲ ရယ်ပြပြီ  ကားပေါ်တက်သွားလေသည်။ ကားပေါ်ရောက် သောအခါ ထိုသူအားလှမ်းကြည့်လိုက်သောအခါမတွေ့တော့ပေ။ 

ထယ့်စိတ်ထဲတွင်~~~

"သူ  ကလူလား၊ သရဲလား။ ဘယ်ရောက်သွားတာလဲ၊ပျောက်သွားတာလဲမြန်လိုက်တာ ~~~"

ထယ်လဲ တယောက်ထဲ အပြင်မှလျှောက်လည် နေရင် ထယ့်အမေဆီမှဖုန်းဝင်လာလေသည် ....

" သားလေးးး........... အိမ်ကိုအမြန်ပြန်လာခဲ့ပါ ၊ မြန်မြန်ပြန်လာခဲ့နော်သားး "

ထယ့်အမေ အသံမှာ ငိုနေသောအသံနှင့် ဖြစ်နေသောကြောင့် ထယ်လဲ စိတ်အရမ်းပူသွားပြီ ....

" အမေ ဘာ...ဘာ ဖြစ်လို့လဲဟင် ၊ အမေဘာလို့ငိုနေတာလဲ၊ တခုခုဖြစ်လို့လားဟင်၊ အမေသားးကိုပြောပါအုံးးး.... "

" သားလေးး... သား အဖေ... သားအဖေ ဆုံးပြီတဲ့~~~~"

"ဗျာ~~~~~~~"

 ထယ်လဲ ဗျာတခွန်းသာထွက်နိုင်ပြီ ရပ်နေတဲ့နေရာမှာတင်အရုပ်ကြိုးပြတ် ဘာမှမပြောနိုင် လဲကျသွားလေသည်။   ထိုအချိန် အလွန်ရင်နှီးသော ပုံရိပ်တခုမှထယ့်အားး လှုပ်နှိုး လေသည်,ထိုအချိန် ထယ်ကတော့ သတိရတချက်မရတချက်နှင့်  နောက် ဆုံး  သတိမေ့သွားလေသည်။ 

Part(3) end. 

_Yuna Jeon

ဘာတွေဆက်ဖြစ်မလဲဆိုတာနောက်တပိုင်းမှာ ဆက်လက်စောင့်မျှော်ပေးပါနော်။

ထယ့် ကိုလာခေါ်သွားတာဘယ်သူလဲဆိုတာ မန့်မှာ ခန့်မှန်းပြီးပြောသွားပေးကြပါအုံး။











ချိုချဉ် မွှေးသော အချစ်   Candy(Completed)Where stories live. Discover now