(Part 5)

506 23 0
                                    

"ဒုအတွင်းရေးမှူး ဂျွန်~~~ "

"ဟုတ်၊ အတွင်းရေးမှူး ဆို ...."

"ဒါလေး ဥက္ကဌ ကိုသွားပေးပေးပါအုံး၊ နောက်ပြီးနောက်နေ့ကစပြီး မင်းက ဥက္ကဌရဲ့ တရားဝင်အတွင်းရေးမှူးလုပ်ရမယ်, နောက်ပြီနေ့လည် အစဉ်းအဝေးတခုရှိတာပါဥက္ကဌ ကိုသတိပေးလိုက်အုံး။"

" ဟုတ်ကဲ့.... အတွင်းရေးမှူးဆို "

အီရန်လည်း ဥက္ကဌ အခန်းထဲသို့ရောက်သောအခါ.....

" ထယ် ..... ဒီမှာ နေ့လည်အစည်းအဝေးအတွက် စာရွက်စာတမ်းတွေ.... "

" ဒုအတွင်းရေးမှူး ဂျွန် .... ဒါက ကုမ္ပဏီ ပါ ... အထက်လူကြီးကိုလေးလေးစားစား ဆက်ဆံရမယ် ဆိုတာမသိဘူးလား။ "

အီရန် ရုတ် တရက် အဆူခံလိုက်ရသောကြောင့်  လန့်သွားပေမဲ့ ၊ စိတ်ထဲတွင် သူ့အမှားဟုသာတွေးပြီး အခန်းထဲကပြန်ထွက်လာလေတော့သည်။  အီရန်တယောက် ဥက္ကဌ အခန်းကပြန်လာထဲက စကားတခွန်းမှမပြော ဘဲ ခပ်တင်းတင်းဖြစ်နေသောမျက်နှာ နှင့် အလုပ်ကိုသာ ဖိလုပ်နေတော့သည်။

နေ့လည် အစည်းအဝေးသွားချိန်သို့ရောက်သောအခါ.....

" ဥက္ကဌ အစည်းအဝေးသွားဖို့အဆင်သင့်ပါဘဲ ...."

ခပ်တင်းတင်းလေသံဖြင့်ပြောလာသော အီရန် အသံကြောင့် ထယ် တယောက် စိတ်ထဲတွင်...

" ငါမနက်ကပြောလိုက်လို့များ စိတ်ဆိုးသွားတာလား၊ ငါ က ဒီတိုင်း အလုပ် မှာမို့ အထက်လူကြီးကိုလေးလေးစားစားဆက်ဆံဖို့ပြောလိုက်တာ ငါ ပြောတာများ လွန်သွားလို့လား။ "

 ဟူသော အတွေးများနှင့် ဝေခွဲမရဖြစ်နေလေသည်။ 

" ဒုအတွင်းရေးမှူးဂျွန်... အစည်းးအဝေးပြီးရင် နေ့လည်စာ အပြင်မှာစားကြမလား၊ ငါဆိုင်ကောင်းကောင်း တခုတွေ့ထားတယ်။ "

" ဟုတ်... ဥက္ကဌ ။ "

" ရားးးး ဒီကောင်လေး အရင်ကလို မရင့်ကျပ်တော့ဘဲ အခုငါ့ကို စိတ်ကောက်နေတာလား။ ငါက တခြားသူတွေကြားရင် သူတို့ပါ အထက်လူကြီးကိုမလေးမစားဆက်ဆံမှာဆိုးလို့ ပြောမိတာကို ငါ့ကိုစိတ်ကောက်နေတာလား အခုက ရားးးး ဒီကောင်လေးတကယ် မလွယ်ဘူးဘဲ ။ "

ချိုချဉ် မွှေးသော အချစ်   Candy(Completed)Where stories live. Discover now