မနက်သို့ရောက်သောအခါ.......
" အီရန်... ဟိုနေ့က မင်းသွားမယ်ဆိုတဲ့နေရာသွားကြမယ်လေ...."
" အင်းပါ... ထယ်ရဲ့ ကိုတို့ ဒီနေ့သွားကြမယ်.... အဲ့နေရာရောက်ရင် ထယ့်အတွက် surprise တခုရှိတယ်။"
" Surprise ဟုတ်လား။ "
" ဟုတ်တယ် ထယ်... ဒါဆိုကိုတို့ခနနေသွားကြမလား။ ထယ်ရေသွားချိုးတော့လေ... ကို မနက်စာပြင်ထားလိုက်မယ်။ "
" အင်းး၊ အီရန်...."
ထို့နောက်ထယ်လည်း...ရေချိုးရန်သွားလေသည်... အီရန်ကတော့မနက်စာပြင်ဆင်နေရင် ဖုန်းဝင်လာလေသည်။
" အီရန်... သားအဖေပြောစရာရှိလို့ အိမ်လာခဲ့လို့ရမလား။ "
" ကျတော် သွားစရာရှိတယ်... ညနေကျမှလာခဲ့မယ်...."
" ဟုတ်ပြီသား... နောက်ပြီး ဟိုကောင်လေးကိုပါခေါ်လာခဲ့နော်... အဖေပြောစရာရှိလို့...."
" ဟုတ်ကဲ့..."
ထို့နောက်အီရန်လည်း... သူ့အဖေကသူ့အပေါ် ချိုချိုသာသာဆက်ဆံနေသောကြောင့်အံ့ဩနေပြီ ထယ့်ကိုပါခေါ်လာခိုင်းတော့ပိုအံ့ဩနေရလေသည်။
ထို့နောက်နှစ်ယောက်သား ရေချိုးပြီး.. မနက်စာစားပြီးသောအခါ.. အပြင်သွားရန်ထွက်လာလေသည်။
"အီရန်..... ငါမင်းပြောတဲ့နေရာကိုသိပြီ.. အဲ့မှာ ဒေစီပန်းခင်းကြီးရှိတယ်လေ.. ဟုတ်တယ်မဟုတ်လား။ "
" ဟုတ်တယ်.. ထယ်၊ ထယ်လေး သဘောကျမယ်ဆိုတာသိလို့ ... ကိုခေါ်သွားပေးတာ...."
" ဒါနဲ့ surprise ဆိုတာ အဲ့တာကိုပြောတာလား။ "
" မဟုတ်ပါဘူး၊ အဲ့တာက တခု၊ surprise ကတခု ဟီးး..."
" ဟွန်း... မင်းကတော့လျှိုဝှက်နေသေးတယ်... ပြောပြတော့ဘာဖြစ်မှာကျနေတာဘဲ...."
" ဟောဗျာ... ပြောပြလိုက်ရင် ဘယ်လိုလုပ် surprise ဖြစ်တော့မလဲ ထယ်ရဲ့...."
ထိုသို့စကားတပြောပြောနှင့် သွားနေရင် ဒေစီပန်းခင်းကြီးရှိရာသို့ရောက်လာလေသည်။
" ကဲ.. ကို့ကလေးပေါက်စလေးရောပါပြီဗျ... "
" အီရန် ဒီနေရာကတကယ်မိုက်တယ်... ငါအရမ်းကြိုက်တာဘဲ...."
YOU ARE READING
ချိုချဉ် မွှေးသော အချစ် Candy(Completed)
Romanceထယ်ရေ.... ထယ် က ဒေစီတွေကိုမြတ်နိုးတယ်၊ ဒေစီတွေက သစ္စာရှိခြင်းကို ကိုယ်စားပြုတယ်တဲ့လေ၊ ထယ်ရေ ~~ ကိုကလေ နေကြာတွေကိုအရမ်း သဘောကျမိတယ်၊ ဘာလို့လဲဆိုတော့ ထယ်နားမှာအကြာကြီးနေချင်လို့လေ၊ သစ္စာရှိတဲ့ဒေစီတွေမြတ်နိုးတဲ့ထယ်ရယ်၊ ထယ်အနားမှာအကြာကြီးနေချင်လို့ နေက...