( Part 7)

392 18 0
                                    

 ထယ့် အခန်းရှေ့ရောက်သောအခါ....

              ဒေါက်..ဒေါက်....

"ကမ်ထယ်၊ တံခါးဖွင့် အခု..."

ထယ်လည်း တံခါးဖွင့်လိုက်ပြီ... ဘာမှတောင်မပြောရသေးခင် အီရန်မှ ထယ့်လက်အားလှမ်းဆွဲပြီး၊ ထယ့်ဧ။် နှုတ်ခမ်းတစ်စုံကိုဖိကာ နမ်းလိုက်လေသည်။

ထယ်မှအတင်းတွန်းနေသော်လည်း သန်မာလှသော အီရန်လက်မှဘယ်လိုမှရုန်းမထွက်နိုင်ပေ။ ခနကြာသောအခါ အီရန်မှထယ့်အားလွှတ်လိုက်ပြီ....

"ပြော..ပြောစမ်း၊ မင်းစောင့်နေတယ့်ကောင်ကဘယ်သူလည်း၊ ငါ့ထက်ဘယ်နားတွေများသာလွန်နေလို့သူ့ကို အရူးလိုစောင့်နေရတာလဲ။ "

အီရန်ပြောလိုက်သောစကားကြောင့် ထယ်လည်း ....

"သူကငါ့အတွက် အများကြီးအရေးပါတယ်၊ ငါသူ့ကိုအများကြီးချစ်တယ်၊ သူကမချစ်ဘူးဆိုရင်တောင် ငါ.... သူ့ကိုချစ်နေမိအုံးမယ်ထင်တယ်။ "

" ဒါနဲ့.. အီရန် မင်းကရောဒါဘာလုပ်တာလည်း မင်းမှာ ချစ်သူကောင်မလေးရှိနေတာကိုငါ့ကိုဘာလို့ဒီလိုလုပ်ရတာလဲ။ ငါ့ကို မင်းဘယ်လိုထင်နေတာလဲ။ "

ထယ်ပြောလိုက်သောစကားကြောင့် အီရန် စိတ်ဆိုးနေရာမှ ထရယ်လေတော့သည်။ 

" ရားးးး ဂျွန်အီရန်... ငါပြောတဲ့ထဲမှာရယ်စရာပါနေလို့လား၊ ဘာလို့ရယ်နေတာလဲ။ "

" ရယ်စရာကောင်းလို့ရယ်နေတာပေါ့၊ ဘယ်သူပြောတာလဲ ကို့မှာကောင်မလေးရှိတယ်လို့။ "

" မင်းဘဲပြောတာလေ၊ မင်းမှာအရမ်းချစ်ရတဲ့သူရှိတယ်ဆို... မင်းဘဲသူ့ကိုအရမ်းချစ်တယ်ဆို.... "

ထိုသို့ပြောနေရင်.. ထယ့် မျက်ဝန်းအိမ်ထဲမှာ မျက်ရည်များသွင်သွင်စီးကျလာလေသည်။ ထိုအခါအီရန်မှ ထယ့်အားရင်ခွင်ထဲဆွဲသွင်းကာ  နွေးနွေးထွေးထွေးဖက်ထားလိုက်လေသည်။   

" အိုမို... ကိုယ့်ကလေးလေးကငိုနေတာဘဲ.... မငိုရဘူးလေနော်၊ ကို့မှာကောင်မလေးမရှိပါဘူး၊ ကိုချစ်ရတဲ့သူဆိုတာ ဒီက ကို့ကလေးလေး ထယ် လေးလေ.... "

"ကိုထယ့်ကိုချစ်လို့ ထယ့်ဆီရောက်အောင်ပြန်လာတာလေ... အခုတော့ထယ်ကချစ်ရသူတောင်ရှိနေပြီတဲ့... အဲ့တာကကို့ကို ဘယ်လောက်အထိ နာကျင်စေတယ်မှတ်လဲ။ ဒါပေမဲ့ကိစ္စမရှိပါဘူး၊ ထယ်ကကို         တယောက်ထဲပိုင်တဲ့သူလေ... ထယ့်ကို ကိုကလွဲပြီဘယ်သူမှမပိုင်ဆိုင်ရဘူး။ "

ချိုချဉ် မွှေးသော အချစ်   Candy(Completed)Where stories live. Discover now