Part 13 (end)

522 18 0
                                    

 နောက်ရက်အနည်းငယ်ကြာသောအခါ.. အီရန်နှင့်ထယ်တို့ မင်္ဂလာပွဲကျင်းပရန်စီစဉ်ကြလေသည်။ နီးစပ်သောမိတ်ဆွေ၊မိသားစုများနှင့်သာ မင်္ဂလာပွဲကိုခမ်းခမ်းနားနားကျင်းပကြလေသည်။

"  ထယ်စိတ်လှုပ်ရှားနေပြီလား၊ "

"အင်း၊ စိတ်တွေတော်တော် လှုပ်ရှားနေပြီ၊  လက်တွေတောင်အေးစက်နေတာဘဲ။"

" ကို့ထယ်လေးကအရမ်းချောတာဘဲ... ဒီနေ့ ကို့ထယ်လေးက ကို့မျက်လုံးထဲမှာ အရင်နေ့တွေကထက်ပိုပြီ.. လှနေတယ်၊ နတ်သားလေးလိုဘဲ တောက်ပနေတာဘဲ။"

"ရားးး မင်းကတော့၊ ဒီမှာစိတ်လှုပ်ရှားနေပါတယ်ဆို၊ ပိုပြီးစိတ်လှုပ်ရှားအောင်လုပ်နေတယ်။"

"  ထယ်လေး... ကိုမင်းကိုပေးစရာရှိတယ်၊ ဒီမှာ... ဒေစီနဲ့နေကြာကိုရောပြီးစည်းထားတဲ့ပန်းစည်းလေး..."

"  wow!!!  လှလိုက်တာ ~~~  အီရန်ရယ်... ကျေးဇူးတင်ပါတယ်နော်၊ ငါအကြိုက်ဆုံးပန်းလေးနဲ့ မင်းအကြိုက်ဆုံးပန်းလေးကို အတူတူရှိနေအောင်လုပ်ပေးထားလို့။ "

" ဒီနေ့က ကိုတို့နှစ်ယောက်ရဲ့ အရေးအကြီးဆုံး နေ့လေးလေ၊  ဒါကြောင့် ကိုတို့အကြိုက်ဆုံးပန်းလေးတွေလည်းအတူရှိနေသင့်တယ်မဟုတ်လား။ "

" ဂျွန်အီရန်တို့တော်ကီကတော့ကောင်းတယ်နော်၊ မပြောချင်ဘူး၊ ကောင်းမလေးဘယ်နှစ်ယောက်ကိုခြွေလာလဲမသိဘူးအဲ့တော်ကီတွေနဲ့..."

"ဟောဗျာ...  ကျတော်မျိုး ဂျွန်အီရန်က ဒီက ဂျွန်ထယ်ရဲ့အပိုင်ပါဗျာ.."

" ဟီး... မင်းမျိုးရိုးအမည်နဲ့ငါ့အမည်ကိုခေါ်လိုက်တာတကယ်နားထောင်လို့ကောင်းတယ်။ "

ထိုအချိန်... 

"သတို့သားနှစ်ယောက်နေရာယူလို့ရပါပြီ... အပြင်မှာအကုန်အဆင်သင့်ဖြစ်ပါပြီ..."

"ထယ်လေး စိတ်မလှုပ်ရှားနဲ့တော့မင်္ဂလာပွဲစပြီ..."

" သတို့သား ဂျွန်အီရန်နေရာယူလို့ရပါပြီ...."

သတို့သား အီရန် ခန်းမထဲသို့ဝင်လာသောအခါ... 

{ (မင်္ဂလာပွဲလာကြသူတို့၏တီးတိုးပြောသံများ...)

ချိုချဉ် မွှေးသော အချစ်   Candy(Completed)Where stories live. Discover now