"ထယ်... ကိုပြောတာနားထောင်ပါအုံး... ၊ ကိုရှင်းပြပါရစေ။"
ထယ်ကတော့ဘာမှမပြောဘဲ အခန်းထဲဝင်သွားလေသည်။ အီရန်လည်းအနောက်ကလိုက်ဝင်သွားပြီ....
"ထယ်လေးးး.... ကိုရှင်းပြပါရစေ။ "
"ပြောပါအုံး.. ဘယ်လိုရှင်းပြမှာလည်း... "
" ထယ်ရယ်... ကို့ကိုစိတ်မဆိုးပါနဲ့ကွာ...
" မရှင်းပြခင်အရင်မေးမယ်... မင်းအဖေကိုဘာလို့မုန်းနေရတာလည်း... ၊ ငါမင်းကိုစိတ်ဆိုးလို့မရဘူးအီရန်၊ မင်းကိုစိတ်ဆိုးမယ်ကြိုးစားလိုက်တိုင်မင်းငါ့ကိုစိတ်ပျက်သွားမလားဆိုပြီငါအရမ်းကြောက်နေမိတယ်၊ အခုကလည်းငါစိတ်မကောင်းဖြစ်သွားတာငါ့ကို ဒီအတောအတွင်း ဘာမှမပြောဘဲဖုံးကွယ်ထားလို့..."
" ကို အထက်တန်းကျောင်းသားဘဝက ကို့အဖေက လွှတ်တော်မှာပါဝင်ခွင့်ရခဲ့တယ်၊ အဖေက သူ့နေရာဆက်ခံရမယ့်ကို ကလည်း အရာအားလုံးတော်နေပြီ၊ အဆင့်မြင့်မြင့်ဖြစ်နေရမယ်လို့အဖေကအမြဲတွေးနေခဲ့တယ်။ "
" ကို မနှစ်သက်တဲ့ အရာတွေ၊ အချိန်တိုင်းမပြတ် လုပ်နေရတဲ့စာတွေကြောင့် ကိုအရမ်းစိတ်ဖိစီးနေခဲ့တယ်"
"တနေ့ အိမ်က ကို ဘယ်သူမှမသိအောင်ထွက်လာခဲ့တယ်၊ အဲ့နေ့က ထယ့်ကိုစတွေ့တဲ့နေ့လေ.... ကိုစိတ်တွေအရမ်းမွန်းကြပ်လွန်းလို့ အိမ်ကထွက်လာခဲ့လိုက်တာ.... ထယ့်ကိုတွေ့တွေ့ချင် ကို သဘောကျမိခဲ့တာ...အဲ့တာကြောင့် ကိုနေ့တိုင်းထယ်ကျောင်းဆင်းချိန်တိုင်း လာစောင့်ကြည့်နေခဲ့တာ.... "
" ရားးး မင်းဒါဆိုတချိန်လုံးငါ့နောက်လိုက်နေခဲ့တာပေါ့.... မင်းတကယ်မလွယ်ဘူးဘဲ..."
"ဟီး... ကိုက ထယ့်ကိုချစ်လို့လေ.... "
"ကိုဆက်ပြောပြမယ်..."
" တနေ့အမေ လှေကားပေါ်ကလိမ့်ကျခဲ့တယ်၊အမေမှာစိတ်ကျရောဂါရှိတယ်လေ၊ အဖေကအမေ့ကိုဘယ်တုန်းကမှအပြင်ထွက်ဖို့မခေါ်ခဲ့ဘူး၊ အမြဲတမ်းအခန်းထဲမှာဘဲပိတ်ထားတယ်၊ ကို့ကိုလည်းအမေနဲ့ တွေ့ခွင့်မပေးခဲ့ဘူး။အမေ အချိန်မှီဆေးရုံရောက်ခဲ့ပေမဲ့ အဖေကတော့ရောက်မလာခဲ့ဘူး၊ အဲ့အပြင် သူ ရွေးကောက်ပွဲဝင်ခါနီးမှ အမေကဒီလိုဖြစ်ရလို့ သူ့ တက်လမ်းပိတ်တဲ့သူလို့ ပြောခဲ့တယ်၊ သူ့အလုပ်လောက်ဘယ်အရာမှအရေးမကြီးဘူးလို့လည်းပြောပြီ၊ သူရွေးကောက်ပွဲမှာမနိုင်အောင်နှောက်ယှက် တဲ့အရာမှန်သမျှကိုလည်း လုံးဝခွင့်မလွှတ်ဘူးလို့ပြောခဲ့တယ်။ "
YOU ARE READING
ချိုချဉ် မွှေးသော အချစ် Candy(Completed)
Romanceထယ်ရေ.... ထယ် က ဒေစီတွေကိုမြတ်နိုးတယ်၊ ဒေစီတွေက သစ္စာရှိခြင်းကို ကိုယ်စားပြုတယ်တဲ့လေ၊ ထယ်ရေ ~~ ကိုကလေ နေကြာတွေကိုအရမ်း သဘောကျမိတယ်၊ ဘာလို့လဲဆိုတော့ ထယ်နားမှာအကြာကြီးနေချင်လို့လေ၊ သစ္စာရှိတဲ့ဒေစီတွေမြတ်နိုးတဲ့ထယ်ရယ်၊ ထယ်အနားမှာအကြာကြီးနေချင်လို့ နေက...