"အီရန်... မင်းငါ့ကိုမနေ့ကခေါ်သွားစရာရှိတယ်ဆိုတာ... အဲ့တာဘယ်အချိန်သွားကြမှာလည်း..."
"ထယ် လမ်းလျှောက်နိုင်လို့လား၊ မနက်ဖြန်မှသွားကြမယ်လေနော်... ဒီနေ့တရက်တော့အိမ်မှာနားလိုက်တော့လေနော်...."
" မင်းကကောဘယ်သွားမလို့လည်း... ငါနဲ့အတူမနေဘူးလား။ "
"ကို အပြင်ခနလေးသွားစရာရှိလို့.. ကိုပြန်လာမှာပါ... ထယ်ကအိမ်မှာခနစောင့်နေနော်..."
"မင်းအဖေဆီသွားမလို့လား။... "
" ဟုတ်တယ်.. ကိုရှင်းစရာ ကိစ္စလေးရှိလို့..... "
"အီရန်.... မင်းအဖေနဲ့ ရန်မဖြစ်နဲ့နော်....စကားသေချာလေးပြောပြီ.. ပြန်လာခဲ့ကြားလား။ "
" အင်းပါ..ထယ်လေးရဲ့... ကို ခနသွားပြီးပြန်လာခဲ့မယ်နော်.... ထယ်လေးက အိမ်မှာဘဲစောင့်နေကြားလား။"
"ဟုတ်..အီရန်~~~~"
ထို့နောက်အီရန်လည်းထွက်သွားလေသည်။
ခနကြာသောအခါ....
" ဥက္ကဌကြီး... အကိုလေးရောက်နေပါတယ်။ "
" ဟက်!! ဒီကောင်နောက်ဆုံးတော့ငါ့ဆီပြန်လာပြီပေါ့.... "
အီရန်ဝင်လာသောအခါ....
" လာထိုင်... မင်းငါပြောထားတဲ့ကိစ္စဘယ်လိုလည်း... ဒီနေ့ဘဲ အလုပ်စဆင်းတော့မလား။ "
" ကျတော်.. အဖေပြောတဲ့ကိစ္စကိုငြင်းဖို့လာခဲ့တာ...... နောက်ပြီး ကျတော့်ဘဝကိုထပ်ပြီးမနှောက်ယှက်ပါနဲ့တော့... ကျတော်အဖေနဲ့မပတ်သတ်ချင်တော့ဘူး။ ကျတော့်ဘဝကိုမရှိတဲ့သူလိုသဘောထားပေးပါ... အဖေ အမေ့ကို မရှိတဲ့သူတယောက်လိုဆက်ဆံခဲ့သလို ကျတော့်ကိုလည်း အဲ့လိုဘဲ သတ်မှတ်လိုက်ပါ.... "
" အီရန်... အဖေအရင်ကမှားခဲ့တယ်ဆိုတာသိတယ်... ခုချိန်မှာအဲ့တာတွေက ပြီးပြီးသားကိစ္စတွေလေ... ပြန်ပြောနေတော့ကော ဘာထူးလာအုံးမှာမို့လို့လည်း...."
" အဖေ့အတွက်မထူးတော့ပေမဲ့... အမေဘယ်လိုဆုံးပါးသွားခဲ့ရလည်းဆိုတဲ့ မြင်ကွင်းက ခုချိန်ထိ ကျတော်မျက်လုံးထဲကမထွက်သလို.. ဘယ်လိုမှလည်းမေ့ပစ်လို့ရမှာမဟုတ်ဘူး။"
YOU ARE READING
ချိုချဉ် မွှေးသော အချစ် Candy(Completed)
Romanceထယ်ရေ.... ထယ် က ဒေစီတွေကိုမြတ်နိုးတယ်၊ ဒေစီတွေက သစ္စာရှိခြင်းကို ကိုယ်စားပြုတယ်တဲ့လေ၊ ထယ်ရေ ~~ ကိုကလေ နေကြာတွေကိုအရမ်း သဘောကျမိတယ်၊ ဘာလို့လဲဆိုတော့ ထယ်နားမှာအကြာကြီးနေချင်လို့လေ၊ သစ္စာရှိတဲ့ဒေစီတွေမြတ်နိုးတဲ့ထယ်ရယ်၊ ထယ်အနားမှာအကြာကြီးနေချင်လို့ နေက...